DVB Logo
Home
မြန်မာသတင်း
အများပြည်သူသုံး နေရာများတွင် အင်တာနက်ဝိုင်ဖိုင်ရရေး ကုမ္ပဏီ ၂ ခုနှင့် Facebook ဆောင်ရွက်
DVB
·
December 19, 2020
အများပြည်သူသုံး နေရာများတွင် အင်တာနက်ဝိုင်ဖိုင်ရရေး ကုမ္ပဏီ ၂ ခုနှင့် Facebook ဆောင်ရွက်
Donate to DVB

Facebook နဲ့ ပူးပေါင်းပြီးတော့ ရန်ကုန်နဲ့ မန္တလေးက အများပြည်သူသုံးနေရာတွေမှာ အင်တာနက်ဝိုင်ဖိုင်ရဖို့အတွက် ကုမ္ပဏီ ၂ ခုက ဆောင်ရွက်နေပါတယ်။

Facebook Connectivity က အင်တာနက်ဝန်ဆောင်မှုပေးတဲ့ 5BB Broadband နဲ့ Kinetic ကုမ္ပဏီတို့နဲ့ မိတ်ဖက်ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ အင်တာနက်ရယူအသုံးပြုနိုင်တာကို ပိုပြီး မြှင့်တင်ပေးဖို့ ပံ့ပိုးကူညီမယ်လို့ ထုတ်ပြန်လိုက်တာပါ။

5BB Broadband က လာမယ့် ၂ နှစ်အတွင်း ရန်ကုန်နဲ့ မန္တလေးက ဈေးဝယ်စင်တာမောလ်တွေ၊ ကော်ဖီဆိုင်တွေ စတဲ့ အများပြည်သူသုံး နေရာတွေမှာ အင်တာနက်ရနိုင်တဲ့ နေရာပေါင်း ၃၀၀၀ ကျော် ဖန်တီးပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ကုမ္ပဏီရဲ့ မျှော်မှန်းချက်နဲ့အညီ 5BB Broadband နဲ့ Facebook ရဲ့ Express Wi-Fi တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ လူအများ အလွယ်တကူ အသုံးပြုနိုင်ပြီး  စိတ်ချရတဲ့ အင်တာနက်ကို ရယူအသုံးပြုနိုင်တော့မှာပါ။ အခုအချိန်မှာ အခြေခံအဆောက်အအုံ ကန့်သတ်ချက်တွေကြောင့် အရည်အသွေးမြင့် အင်တာနက် မရရှိနိုင်သေးတဲ့ မြို့ပြနဲ့ ဆင်ခြေဖုံး နေရာဒေသတွေမှာရှိတဲ့ စိန်ခေါ်မှုတွေကိုပါ အခုလို ကမ္ဘာ့အဆင့်မီ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကနေ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်” လို့ 5BB Broadband ရဲ့ Co-founder နဲ့ Chief Executive Officer ဖြစ်သူ ဦးသိန်းသန်းတိုးက ပြောပါတယ်။

Kinetic ကလည်း လာမယ့် ၁ နှစ်ခွဲအတွင်း ရန်ကုန်နဲ့ မန္တလေးမှာ ရေရှည်အသုံးပြုနိုင်မယ့် အများပြည်သူသုံး Wi-Fi အင်တာနက် ကွန်ရက်တခုအတွက် Express Wi-Fi ပလက်ဖောင်းကို သုံးမယ်လို့ ထုတ်ပြန်ထားပါတယ်။

အသက်သာဆုံး ဈေးနှုန်းဖြစ်ရမယ်လို့  Kinetic Myanmar Technology ရဲ့ Managing Director က ပြောပေမယ့် ဒီကုမ္ပဏီ ၂ ခုလုံးဟာ ဈေးနှုန်းတွေကို မထုတ်ပြန်သေးပါဘူး။

ဖေ့စ်ဘွတ်ခ်ရဲ့ အရှေ့တောင်အာရှဆိုင်ရာ Head of Connectivity and Access Policy ဖြစ်သူ Tom Chottayil Varghese ကတော့  မိတ်ဖက်ပူးပေါင်းတာတွေ တိုးချဲ့သွားဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်အတွက် Facebook အနေနဲ့ Wi-Fi အင်တာနက် ကွန်ရက်တွေ တပ်ဆင်ပေးနိုင်ပြီး လည်ပတ်ဆောင်ရွက်နိုင်ဖို့ နည်းပညာအစုံအလင်ပါဝင်တဲ့ သူတို့ရဲ့ Express Wi-Fi ပလက်ဖောင်းကို ပေးအပ်သွားမှာဖြစ်လို့ သုံးစွဲသူတွေအတွက် မြန်ဆန်စိတ်ချတဲ့ အင်တာနက်ကို ရမှာဖြစ်သလို ကုမ္ပဏီတွေအနေနဲ့လည်း ပိုပြီး အဆင်ပြေပြေစီမံခန့်ခွဲနိုင်မယ်လို့ Facebook ရဲ့ တာဝန်ရှိသူ တယောက်က ဒီဗွီဘီကို ပြောပါတယ်။

Express Wi-Fi ဆိုတာ Facebook Connectivity အစီအစဉ်ရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒီ ပလက်ဖောင်းကို နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်မှာ အသုံးပြုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013