DVB Logo
Home
သတင်းတို
ကိန်းဂဏန်းအချက်အလက် စုဆောင်းရန် အေဒီဘီနှင့် ဂျပန်ထောက်ပံ့မည်
DVB
·
August 27, 2013
Donate to DVB

မြန်မာနိုင်ငံရဲ့ ကိန်းဂဏန်းအချက်အလက် စုဆောင်းမှုအတွက် အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ဂျပန်နိုင်ငံတို့က ထောက်ပံ့မယ့်အကြောင်း အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနထုတ် ဩဂုတ် ၂၆ ရက်နေ့သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ စည်းမျဉ်းတွေ၊ မဟာဗျူဟာ ချမှတ်ခြင်းနဲ့ နည်းပညာ စွမ်းဆောင်ရည်တွေနဲ့ သက်ဆိုင်တဲ့ ကိန်းဂဏန်းအချက်အလက်တွေ စုဆောင်းနိုင်ဖို့အတွက် စီမံခန့်ခွဲမှုပိုင်းကို အာရှဖွံ့ဖြိုးရေးဘဏ်က ဆောင်ရွက်မှာဖြစ်ပြီး ဆင်းရဲမှု လျှော့ချရာမှာ အသုံးပြုဖို့ နည်းပညာအတွက် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၁ ဒဿမ ၂) သန်းကို ဂျပန်နိုင်ငံ ရန်ပုံငွေ (JFPR) က ကူညီမယ်လို့ ဆိုပါတယ်။

အေဒီဘီရဲ့ စီးပွားရေးနဲ့သုတေသနဌာနမှ Mr. Kaushal Joshi က မြန်မာနိုင်ငံ လက်ရှိရောက်နေတဲ့ အနေအထားကို သိဖို့နဲ့ ပြည်တွင်းပြည်ပနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါမှာ အချိန်နဲ့တပြေးညီ ဆီလျော်တိကျတဲ့ အချက်အလက်တွေလိုအပ်ကြောင်း၊  ကိန်းဂဏန်းအချက်အလက်တွေဟာ မူဝါဒချမှတ်သူတွေအတွက် စီးပွားရေး၊ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေကို နားလည်သဘောပေါက်အောင် အကူအညီပေးတဲ့အပြင် စီးပွားရေးတိုးတက်ဖို့နဲ့ ဆင်းရဲမှု လျှော့ချဖို့အတွက် ဆုံးဖြတ်ချက်ချဖို့ ပုံစံရေးဆွဲရာမှာလည်း အကူညီပေးကြောင်း ပြောကြားပါတယ်။

ဂျပန်နိုင်ငံထံကနေ ရရှိမယ့် ထောက်ပံ့ငွေနဲ့ နိုင်ငံရဲ့ ကိန်းဂဏန်းအချက်အလက်ဆိုင်ရာ ဥပဒေတွေကို ခေတ်နဲ့အညီ မွမ်းမံတာ၊ စုဆောင်းတာ၊ နိုင်ငံတကာစံနှုန်းအပေါ် အခြေခံတဲ့ စီးပွားရေးကိန်းဂဏန်း အချက်အလက်တွေ ပြုစုတာ၊ အစိုးရ စာရင်းအင်းပညာရှင်တွေကို နည်းပညာ ကျွမ်းကျင်မှု တိုးတက်အောင် ဆောင်ရွက်တာတွေမှာ သုံးစွဲသွားဖို့ ရည်မှန်းထားတယ်လို့ သတင်းက ရေးပါတယ်။

အခုလို ၂ နှစ်တာကာလအဖြစ် အကောင်အထည်ဖော်မယ့် နည်းပညာအထောက်အကူ ပေးတဲ့စီမံချက်တွေကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက စီမံအုပ်ချုပ်ဆောင်ရွက်သွားမယ်လို့ ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013