DVB Logo
Home
မြန်မာသတင်း
အနည်းဆုံးလုပ်ခ ပြောင်းလဲသတ်မှတ်ရမည့် အချိန်ကျော်သော်လည်း အစိုးရက တုံ့ပြန်မှုမရှိ
DVB
·
December 18, 2020
အနည်းဆုံးလုပ်ခ ပြောင်းလဲသတ်မှတ်ရမည့် အချိန်ကျော်သော်လည်း အစိုးရက တုံ့ပြန်မှုမရှိ
1 / 2
Donate to DVB

၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေအရ ၂ နှစ်တကြိမ်ပြောင်းလဲသတ်မှတ်ရမယ့် အနည်းဆုံးလုပ်ခနဲ့ပတ်သက်လို့ ပြောင်းလဲရမယ့်အချိန်ကျော်ပေမဲ့ အစိုးရဘက်က တုံ့ပြန်မှု မရှိ သေးဘူးလို့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးအမျိုးသားအဆင့်ကော်မတီဝင်၊ CTUM ဗဟိုကော်မတီဝင် ဦးဝင်းဇော်က ပြောပါတယ်။

တတိယအကြိမ်မြောက် အခကြေးငွေ ပြင်ဆင်သတ်မှတ်တာကို ၂၀၂၀  မေလ ၁၄ ရက်မှာ ပြင်ဆင်သတ်မှတ်ရမှာဖြစ်ပေမဲ့ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး အခုချိန်အထိ ပြင်ဆင်သတ်မှတ်ဖို့ အစိုးရဘက်က ဆက်မလုပ်သေးတာပါ။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် က " ကိုဗစ်-၁၉ ကြောင့် ပြည်ပအမှာတွေ လျော့ကျကာ လူအင်အားကို အဓိကထား လုပ်ရတဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ ထိခိုက်မှုအများဆုံးဖြစ်နေရတာပါ။  အရင်လုပ်ခ လစာ တိုးမြှင့်ပေးခဲ့ စဉ်က မြန်မာကျပ်ငွေ တန်ဖိုးကျနေပြီး အခုအခါမှာ တန်ဖိုးမြင့်တက်လာတာအပြင် Order တွေလည်း လျော့ကျတဲ့အတွက် လုပ်ခလစာ ပြန်သုံးသပ်ပေးဖို့ အဆင်မပြေသေးဘူး"လို့ ပြောပါတယ်။ 

အနည်းဆုံးလုပ်ခ ပြန်ပြီးသတ်မှတ်ပေးဖို့ အလုပ်သမားတွေဘက်က  တောင်းဆိုမှု အများ အပြားရှိနေပြီး အခုကိုဗစ်ကာလမှာ လုပ်အားခတွေ နည်းပါးတာမို့ အလုပ်သမားတွေအနေနဲ့ စားဝတ်နေရေး အခက်အခဲဖြစ်လာပြီး အခကြေးငွေပြင်ဆင်သတ်မှတ်ဖို့ ဆန္ဒရှိနေကြတာပါ။

CTUM ဗဟိုကော်မတီဝင် ဦးဝင်းဇော်က  "အလုပ်သမားတွေ စားဝတ်နေရေး အခက်အခဲ တွေ ရှိနေတဲ့အတွက်ကြောင့် အလုပ်ရှင်၊ အလုပ်သမား၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နဲ့ သုံးပွင့်ဆိုင်ဆွေးနွေးဖို့ တင်ပြထားတယ်။ ဒီမိုကရေစီစနစ်အတိုင်း သွားနေတာဖြစ်တာမို့ ဆုံးဖြတ်ထားတဲ့မူအတိုင်း ဆောင်ရွက်ဖို့ လိုတယ်"လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေကို ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်မှာ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပြီး ဇူလိုင် ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ 

၂၀၁၅ ခုနှစ်က တစ်နေ့အလုပ်ချိန် ၈ နာရီအတွက် လုပ်အားခ ၃၆၀၀ ကျပ်သတ်မှတ်ထားပြီး ၂၀၁၈ ခုနှစ်က ၄၈၀၀ ကျပ် ပြင်ဆင်သတ်မှတ်ခဲ့ပေမဲ့ ၂၀၂၀ ခုနှစ်မှာတော့ ပြင်ဆင်သတ်မှတ်တာ မရှိသေးပါဘူး။

သတင်း - အိသဇင်ခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013