DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရသည့် ဧရာဝတီတိုင်း စည်ပင်ဝန်ကြီး ဆေးရုံမှဆင်း
DVB
·
December 17, 2020
ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရသည့် ဧရာဝတီတိုင်း စည်ပင်ဝန်ကြီး ဆေးရုံမှဆင်း
Donate to DVB

ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရလို့ ဆေးကုသမှုတွေ ခံယူနေရတဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ စည်ပင်ဝန်ကြီး ဦးကျော်မြင့်ဟာ ဒီဇင်ဘာလ ၁၆ ရက်က ဆေးရုံကနေ ဆင်းခွင့် ရရှိခဲ့ပါတယ်။

စည်ပင်ဝန်ကြီး ဦးကျော်မြင့်ဟာ ရွေးကောက်ပွဲ ငွေစာရင်းရှင်းတမ်းတွေကို လပွတ္တာမြို့ကို ပြန်လည်ဆောင်ရွက်ချိန်မှာ ရောဂါပိုးရှိသူနဲ့ ထိတွေ့မိလို့ ဟိုတယ်ကွာရန်ဝင်နေစဉ်မှာ ရောဂါပိုး ကူးစက်ခံခဲ့ရတာပါ။

ခုတော့ ကျန်းမာရေး အခြေအနေကောင်းမွန်လို့ ဆေးရုံဆင်းခွင့်ရပြီလို့ တိုင်းအစိုးရ အဖွဲ့ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှု လက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက DVB ကိုပြောပါတယ်။

"ကျန်းမာရေးအခြေအနေ ကောင်းမွန်ပါတယ်။ မနေ့က ဆေးရုံကနေ ဆင်းခွင့်ရပါတယ်"လို့ ပြောပါတယ်။

အသက် ၆၅ နှစ်အရွယ် စည်ပင်ဝန်ကြီး ဦးကျော်မြင့်အပါအဝင် ပုသိမ်တိုင်းရင်းဆေးရုံကြီးက ဆေးရုံဆင်းခွင့်ရရှိသူ ၇ ဦးရှိတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့က တိုင်းအစိုးရအဖွဲ့ရဲ့ စည်ပင်ဝန်ကြီးရောဂါကူးစက်ခံခဲ့ရသလို လွှတ်တော်ရုံးက ဝန်ထမ်း ၃ ဦးလည်း ရောဂါကူးစက်ခံခဲ့ရတာပါ။

ဧရာဝတီတိုင်းမှာ ဒီဇင်ဘာလ ၁၇ ရက် မနက် ၉ နာရီအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၈၄၉ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၃၁၁၉ ဦးရှိကာ သေဆုံးလူနာ ၃၂ ဦးရှိတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013