Home
မြန်မာသတင်း
နေပြည်တော်တွင် တစ်လအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၅၀ ကျော်ရှိနေ
ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
·
December 17, 2020
129939001_4032373790125229_3212252112706547723_n
ပြည်ထောင်စုနယ်မြေနေပြည်တော်မှာ ဒီဇင်ဘာလအတွင်း  ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စုစုပေါင်း အယောက် ၁၅၀ ကျော်ရှိနေတယ်လို့ နေပြည်တော်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။ အစိုးရက ကိုဗစ်-၁၉  ထိန်းချုပ်ထားနိုင်တယ်လို့ သတ်မှတ်ထားတဲ့ နေပြည်တော်မှာ အခုဒီဇင်ဘာလအတွင်း ရောဂါပိုးတွေ့ရှိသူဦးရေ ပြန်လည်မြင့်တက်လာတာပါ။ ဒီဇင်ဘာ ၁ ရက်မှ  ၁၇ ရက်အထိကို ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၁၅၃ ယောက် ရှိပြီး  ဒီဇင်ဘာ ၁၆ ရက်တစ်ရက်တည်းမှာ အတည်ပြုလူနာ ၁၉ ဦးတွေ့ရှိတယ်လို့ နေပြည်တော်ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။ ဒေါက်တာမြတ်ဝဏ္ဏစိုးက “ညက ရောဂါပိုးတွေ့သူ အားလုံး ၁၉ ယောက်ထွက်ပါတယ်။ အဲ့ဒီမှာ ကျနော်တို့ ပြထားတဲ့အတိုင်းပဲ ကွာရန်တင်းထဲကပဲ ၁၇ ဦးပေါ့နော်။ စောင့်ကြည့်လူနာ ၂ ဦး ၊ဒါပဲတွေ့ပါတယ်။ အများစုကတော့ အသွားအလာ ကန့်သတ်ထားတာဖြစ်တဲ့အတွက် ကူးစက်မှု စိုးရိမ်စရာမရှိပါဘူး။ နေပြည်တော်ထဲမှာ ကူးတာကတော့ ၂ ဦးပဲတွေ့ပါတယ်။” လို့ ပြောပါတယ်။ နေပြည်တော်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရမှုဟာ မတ်လကနေ စက်တင်ဘာလအထိကို အရေအတွက် ဆယ်ဂဏန်းသာရှိခဲ့တာဖြစ်ပြီး အောက်တိုဘာလမှာတော့ အယောက် ၁၈၀ ခန့်တွေ့ရှိရခဲ့တာပါ။ နိုဝင်ဘာလမှာတော့ ပိုးတွေ့ရှိနှုန်းဟာ ၁၁၀ ဝန်းကျင်သာရှိခဲ့ပြီး အခု ဒီဇင်ဘာလတစ်ဝက်ကျိုးချိန်မှာတော့ ၁၅၃ ဦး အထိ ပြန်လည်တွေ့ရှိတာဖြစ်ပါတယ်။ ဒါပေမဲ့ နေပြည်တော်မှာ ကိုဗစ်-၁၉ ရောဂါပိုးစတင်တွေ့ရှိချိန်ကနေ လက်ရှိအချိန်ထိ အတည်ပြုလူနာစုစုပေါင်းဟာ ၅၉၈ ဦးရှိပြီဖြစ်ပြီး ဒေသတွင်းကူးစက်မှုကတော့ ၆၈ ဦးသာ ရှိတဲ့အတွက် ဒေသတွင်း ကူးစက်မှုနှုန်းကိုတော့ ထိန်းချုပ်ထားနိုင်ဆဲဖြစ်တယ်လို့ ပြောပါတယ်။ “ ၅၉၈ ဦးထဲမှာ  စောင့်ကြည့်လူနာသည် ၆၈ ဦးပဲ ပါပါတယ်။ တနည်းအားဖြင့်ဆိုရင် ၁၀ ရာခိုင်နှုန်း ၁၂ ရာခိုင်နှုန်း လောက်ပဲရှိတယ်။ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းသည် Contacts ပေါ့ သို့မဟုတ်လျှင် သူသည် ကွာရန်တင်းပေါ့။ တခြားကနေ ခရီးသွားရာဇဝင်ရှိရင်ရှိမယ်။ ရောဂါပိုးနဲ့ထိတွေ့တာရှိမယ်။ စောစောသိလို့ ပိုးတွေ့ပြီးတော့ ဆေးကုပေးတာဖြစ်ပါတယ်။ ဒေသတွင်းကူးစက်မှုကတော့ အခု ထိတော့ နေပြည်တော်မှာ ၁၀ ရာခိုင်နှုန်း၊ ၁၂ ရာခိုင်နှုန်းပဲရှိတော့ နည်းသေးတယ်လို့ ပြောလို့ ရပါတယ်” လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။ ဒီဇင်ဘာလအစောပိုင်းကလည်း နေပြည်တော်နဲ့ တခြားဒေသတွေကို ပြေးဆွဲတဲ့ မော်တော်ယာဉ်လိုင်းတစ်ခုမှ ယာဉ်မောင်း တစ်ဦးအပါအဝင် ဂိတ်ဝန်ထမ်းတွေမှာ ကိုဗစ်-၁၉  ရောဂါပိုးတွေ့ရတဲ့အတွက် နေပြည်တော်မြို့မဈေးနဲ့ဘောဂသီရိကားဝန်း နှစ်ခုကို ၁၄ ရက် အသွားအလာကန့်သတ်ထားပါတယ်။ အစိုးရပိုင်းကတော့ နေပြည်တော်မှာ ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်ထားနိုင်တယ်လို့ ယူဆတဲ့အတွက် ဆိုင်ထိုင်ပြန်လည် ခွင့်ပြုပေးထားပြီး အခုဒီဇင်ဘာလကုန်ပိုင်းလောက်မှာ ညဈေးတွေကို ပြန်လည်ဖွင့်ဖို့ စီစဉ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024