DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးတရားစွဲခံရသည့် မင်းကင်း အန်အယ်လ်ဒီ ဥပဒေအထောက်အကူအဖွဲ့ ဥက္ကဋ္ဌ ပြန်လွတ်
DVB
·
December 17, 2020
ဖမ်းဆီးတရားစွဲခံရသည့် မင်းကင်း အန်အယ်လ်ဒီ ဥပဒေအထောက်အကူအဖွဲ့ ဥက္ကဋ္ဌ ပြန်လွတ်
Donate to DVB

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဖမ်းဆီးခံရတဲ့ မင်းကင်းမြို့နယ် အန်အယ်လ်ဒီ ဥပဒေအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းထွဋ်ကို သက်ဆိုင်ရာက အမှုပြန်ရုပ်သိမ်းတဲ့ အတွက် ဒီဇင်ဘာလ ၁၇ ရက် မွန်းလွဲပိုင်းမှာ  ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ 

ဦးကျော်မင်းထွဋ်ဟာ ပြည်သူအထိတ်တလန့်ဖြစ်စေအောင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ရေးသားခဲ့လို့ဆိုပြီး မင်းကင်းမြို့နယ် ကြံ့ခိုင်ရေးပါတီတိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဆန်းဝင်းက မြို့နယ် စီမံခန့်ခွဲမှု‌ကော်မတီကို တိုင်ကြားခဲ့တဲ့အတွက် သက်ဆိုင်ရာအဆင့်ဆင့်ရဲ့ ခွင့်ပြုချက်နဲ့နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့အမှုဖွင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ 

ဦးကျော်မင်းထွဋ်ဟာ ဒီဇင်ဘာ ၃ ရက်က စတင် ဖမ်းဆီးခံခဲ့ရပြီး မင်းကင်းမြို့မရဲစခန်းမှာ သီတင်း ၂ ပတ်လောက်  အချုပ်နဲ့  နေခဲ့ရတာပါ။ 

ဒီအမှုကိစ္စပြန်လည်စိစစ်ပေးဖို့ရာ တရားစွဲခံရတဲ့ မိသားစုက တိုင်းအစိုးရကို တိုင်ကြားခဲ့တဲ့အတွက် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့လည်း စစ်ဆေးခဲ့ရာမှာ မှားယွင်းတရားစွဲဆိုခံရတာ ထင်ရှားတဲ့အတွက် သက်ဆိုင်ရာကနေ အမှုကို ပြန်လည်ရုပ်သိမ်း ခဲ့တာလည်း ဖြစ်ပါတယ်။ 

သူ့ရဲ့ရုံးထုတ်ကို ဘုတလင်၊ ကနီ၊ မင်းကင်း၊ ရေဦး၊ ကသာ၊ ပုလဲ၊ ဆားလင်းကြီး စတဲ့ ဒေသ‌တွေက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ နိုင်ငံရေးသမားတွေလည်း လာရောက်ဝန်းရံခဲ့ကြပါသေးတယ်။

ဦးကျော်မင်းထွဋ်က မင်းကင်းမြို့နယ်မှာ အန်အယ်လ်ဒီပါတီအောင်နိုင်ရေး ဦးဆောင်ခဲ့သူဖြစ်ပြီး ဒေသဖွံဖြိုးရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ကိစ္စတွေမှာ ဦးဆောင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ တစ်ဦးလည်းဖြစ်ပါတယ်။ 

အခုလိုဖမ်းဆီးတရားစွဲဆိုခံရနဲ့ပတ်သက်လို့ ဦးကျော်မင်းထွဋ်က "နိုင်ငံရေးနယ်ပယ်ကတော့ ဒီလိုပါပဲ။ ဒါတွေက ဖြစ်တတ်ပါတယ်။ နိုင်ငံရေးအပြောင်းအလဲရဲ့ အံချော်မှုတွေ ရှိနိုင်တယ်ပေါ့။ ဒါကတော့ တကမ္ဘာလုံးလည်း ရှိတာပါပဲ။ ဒါတွေကတော့ ရှိနေပါဦးမယ်။"လို့ ပြောပါတယ်။

မင်းကင်းမြို့မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ကြံ့ခိုင်ရေးပါတီ ဝန်းရံသူတွေကို တရားစွဲဆိုထားတာတွေလည်း ၁၀ မှုထက်မနည်း ရှိနေပြီး အနည်းဆုံးလူ ၁၀ ယောက်ထက်မနည်း ဖမ်းဆီးချုပ်နှောင်ခံထားရပါတယ်။

မင်းကင်းတင်မက ကလေးဝ၊ ကနီ၊ ပုလဲ စတဲ့ မြို့နယ်တွေမှာလည်း ကြံ့ခိုင်ရေးပါတီရဲ့ ဝန်းရံသူတွေ၊ ကိုယ်စားလှယ်လောင်းတွေလည်း ဖမ်းဆီးတရားစွဲဆိုခံထားပါတယ်။ 

ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ မုံရွာခရိုင်ဗကသကျောင်းသားတစ်ဦးလည်း မုံရွာ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရပြီး ၃ လတာကြာပြီဖြစ်ပေမယ့် မိသားစုနဲ့တွေ့ခွင့်မရသေးသလို ရုံးချိန်းထုတ်တာ‌လည်း မရှိသေးပါဘူး။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013