DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းထုတ် PPE ဝတ်စုံများ ကမ္ဘာ့စျေးကွက်ရရှိရန်ခက်ခဲနေ
DVB
·
December 17, 2020
ပြည်တွင်းထုတ် PPE ဝတ်စုံများ ကမ္ဘာ့စျေးကွက်ရရှိရန်ခက်ခဲနေ
Donate to DVB

ပြည်တွင်းအထည်ချုပ်စက်ရုံတွေကနေ  PPE ဝတ်စုံတွေ ပြောင်းလဲထုတ်လုပ်လာကာ ​ပြည်ပသို့ တင်ပို့ရာမှာ  ကမ္ဘာ့ PPE စျေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကရ ရှိထားတာ ဖြစ်တဲ့အတွက် စျေးကွက်ရရှိဖို့ ခက်ခဲနေတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ဆီက ပြောပါတယ်။

လက်ရှိ ပဲခူးနဲ့ရန်ကုန်မြို့ရှိ တချို့စက်ရုံတွေမှာ ဆေးရုံသုံး PPE ဝတ်စုံတွေသာသာမက လုပ်ငန်းသုံး Safety Wear တွေကိုပါ ချုပ်လုပ်နေကြပြီး ပြည်ပသို့တင်ပို့နေတာရှိသလို ပြည်တွင်းမှာသုံးစွဲနိုင်အောင်လည်း ချုပ်လုပ်နေကြတာဖြစ်ပါတယ်။

Dana Facility မှ ကူညီအားပေးမှုနဲ့ ပြည်တွင်းအထည်ချုပ်စက်ရုံတွေမှာ PPE ဝတ်စုံတွေ ထုတ်လုပ်ဖို့ ကြိုးစားဆောင်ရွက်နေတာဖြစ်ပါတယ်။ 

ဒါပေမဲ့ ကမ္ဘာ့PPE စျေးကွက်ကို ထိုးဖောက်နိုင်ဖို့က အခက်အခဲရှိနေပြီး စျေးကွက်သာ ရှိမယ်ဆိုရင် ပြည်တွင်းမှာ  PPE ဝတ်စုံတွေ ထုတ်လုပ်မယ့် စက်ရုံများစွာ ရှိနေတယ်လို့လည်း သိရပါတယ်။

သတင်း - အိသဇင်ခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013