DVB Logo
Home
မြန်မာသတင်း
ခန္တီးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂ ဦး ထပ်မံတွေ့ရှိ
DVB
·
December 17, 2020
ခန္တီးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂ ဦး ထပ်မံတွေ့ရှိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မှာ ဒီဇင်ဘာ ၁၆ ရက်နေ့က ကွာရန်တင်းဝင်သူ ၄ ယောက်ကို Test Kit နဲ့ စစ်ဆေးရာ ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိတယ်လို့ ခန္တီးဆေးရုံအုပ်ကြီးက ပြောပါတယ်။

“အခု ကိုဗစ်ပိုးတွေရှိခဲ့သူတွေက ခန္တီး နတလကျောင်းQစင်တာထားခဲ့တာပါ။ သူတို့တွေ Qဝင်နေတာ ၁၀ ရက်ရှိပါပြီ။ အခုတစ်ခါ RDTbTest kitပြန်စစ်ဆေးပြီး ကိုဗစ်ပိုးတွေ့ခဲ့တယ်”လို့ ဆေးရုံအုပ်ကြီးဒေါ်နန်းမြတ်မြတ်မွှေးက ပြောပါတယ်။

အဆိုပါ ပိုးတွေ့လူနာ ၂ ဦးဟာ ခန္တီးမြို့မှာ ပထမဦးဆုံးပိုးတွေ့လူနာနဲ့ ကားအတူစီးခဲ့သူတွေဖြစ်ပြီး  ခန္တီးမြို့နယ် နန်းစီပွန်ကို အလုပ်လုပ်ဖို့ လာသူတွေဖြစ်ပါတယ်။ 

“ပထမဆုံးပိုးတွေ့လူနာနဲ့အတူ  မန္တလေးကနေ ခန္တီးကို ကားနဲ့ ၅ ဦးလာခဲ့တာမှာ ဒီဇင်ဘာလ ၅ ရက်နေ့ညက ခန္တီးကိုရောက်ခဲ့တယ်။ ရောက်တာနဲ့ ကွာရန်တင်း စင်တာမှာ ထားခဲ့ပါတယ်။ မနက်မှ RDT Test Kit နဲ့ စစ်ဆေးပြီး ၅ ဦးထဲက Positive ၁ ဦးတွေ့ရှိခဲ့တယ်” လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

အခုကျန် ၄ ဦးကို ဒီဇင်ဘာလ ၁၆ ရက်နေ့က ထပ်မံ ကျန်းမာရေးစစ်ဆေးတာမှာ ၂ ယောက် ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့တာပါ။ ပထမဆုံး ပိုးတွေ့လူနာကတော့ ရောဂါသက်သာ ပိုးကင်းစင်လို့ ဆေးရုံကနေ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဆင်းခွင့်ပြုခဲ့ပါတယ်။

သတင်း- အောင်ဆန်းမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013