DVB Logo
Home
မြန်မာသတင်း
လာမည့်နှစ်တွင် မြန်မာ့စီးပွားရေး ပြန်လည်နလန်ထူလာနိုင်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း
DVB
·
December 16, 2020
လာမည့်နှစ်တွင် မြန်မာ့စီးပွားရေး ပြန်လည်နလန်ထူလာနိုင်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း
Donate to DVB

ကိုဗစ်-၁၉ ဒုတိယလှိုင်းက မြန်မာ့စီးပွားရေးပေါ် ပြင်းထန်တဲ့ သက်ရောက်မှုရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကျဆင်းခဲ့ပြီး ဆင်းရဲနွမ်းပါးမှုနှုန်းမြင့်တက်လာတယ်လို့ ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၁၆ ရက်မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။

မြန်မာ့စီးပွားရေးတိုးတက်နှုန်းဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာက   ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။ ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုဆက်လက်ဖြစ်ပွားနေတဲ့အတွက်  ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ  မြန်မာ့စီးပွားရေး တိုးတက်မှု  ၂ ရာခိုင်နှုန်းဆက်ထိန်းထားနိုင်မယ်လို့ ခန့်မှန်းပါတယ်။ 

ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု နှေးကွေးလာပြီး အသွားအလာကန့်သတ်မှုတွေ ဖြေလျှော့လာပါက ၂၀၂၁ ခုနှစ် မတ်လကစပြီး မြန်မာ့စီးပွားရေး တဖြည်းဖြည်း ပြန်လည် နလန်ထူလာမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်လုပ်မှု ပြန်အသက်ဝင်လာတာ ဒစ်ဂျစ်တယ် နည်းပညာသုံး ကုန်ထုတ်စွမ်းအားမြင့်တက်လာတာကြောင့် ပျမ်းမျှတိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်းအထိ ပြန်ခေါင်းထောင်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။

မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျတဲ့ လုပ်ငန်းအများစုလည်ပတ်လေ့ရှိတဲ့ ဒီကာလအတွင်း ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် စီးပွားရေးလုပ်ငန်းတွေ သိသိသာသာ ထိခိုက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ကိုဗစ်ကြောင့် ဆင်းရဲနွမ်းပါးနှုန်းဟာလည်း ၂၀၁၈-၁၉ ခုနှစ်မှာ ၂၂ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာကနေ လာမယ့် ၂၀၂၀-၂၁ မှာ ၂၇ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ပြီး နောက်တနှစ်ကြာမှ မူလအခြေအနေကို ပြန်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

အစိုးရဟာ နွမ်းပါးတဲ့ အခြေခံလူတန်းစားတွေ အကာအကွယ်ပေးရေးကို အာရုံစိုက်လုပ်သင့်တယ်လို့ ကမ္ဘာဘဏ်က အကြံပြုထားပါတယ်။

ကိုဗစ်ကြောင့် အကန့်အသတ်တွေက စားသုံးတာနဲ့ ရင်းနှီးမြှုပ်နှံတာတို့ကို အားနည်းစေခဲ့ပြီး ကုန်ထုတ်လုပ်ရေး၊ လက်လီရောင်းဝယ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ ဖျော်ဖြေရေးကဏ္ဍတို့ ဆုံးရှုံးထိခိုက် နစ်နာခဲ့ကာ အွန်လိုင်းကနေလုပ်နိုင်တဲ့ တခြားဝန်ဆောင်မှုတွေကပဲ ဒီ အသွားအလာ ကန့်သတ်ချက်တွေရဲ့ သက်ရောက်တာကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ပြည်တွင်းကူးစက်မှု နောက်ထပ်လှိုင်းတွေ လာရင်ဖြစ်ဖြစ်၊ တကမ္ဘာလုံးမှာ စီးပွားရေးနှေးကွေးတာ ပိုကြာရင်ဖြစ်ဖြစ်၊ ဘဏ္ဍာရေးကဏ္ဍအားနည်းချက်တွေ၊ ရွေးကောက်ပွဲလွန် စက်ကူးမတ်ကူးကာလ အခြေအနေနဲ့ မရေရာတာတွေက ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိန်ခေါ်မှုနဲ့ အန္တရာယ်ဖြစ်တယ်လို့ ဆိုပါတယ်။

ရေတိုကာလမှာ အစိုးရဟာ နွမ်းပါးတဲ့ အခြေခံလူတန်းစားတွေ အကာအကွယ်ပေးရေး စတဲ့ သက်သာလျော့ပါးရေးကိစ္စတွေကို အာရုံစိုက်လုပ်သင့်တယ်လို့ အကြံပြုထားပြီး ဝယ်လိုအားက ဦးဆောင်တဲ့ မဟာဗျူဟာကိုချဖို့လိုတယ်လို့လည်း ကမ္ဘာဘဏ်က တိုက်တွန်းပါတယ်။

ဓာတ်ပုံ- World Bank

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013