မော်လမြိုင်တွင် ထိုင်းဘိလပ်မြေစက်ရုံ တည်မည်
DVB
·
August 26, 2013

ထိုင်းနိုင်ငံက ဘိလပ်မြေထုတ်လုပ်တဲ့ ကုမ္ပဏီ Siam Cement Public Company Limited ဟာ မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၃၈၈ သန်းနဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေ ၁၂ ဒဿမ ၄ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး ဘိလပ်မြေစက်ရုံတရုံ တည်ဆောက်သွားမယ်လို့ ကုမ္ပဏီက ဒီကနေ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ဘိလပ်မြေစက်ရုံအတွက် ထုံးကျောက်တွေ ရေရှည်ရရှိနိုင်တဲ့ မွန်ပြည်နယ် မော်လမြိုင်မှာ စက်ရုံ တည်ဆောက်သွားမှာဖြစ်ပြီး ၂၀၁၆ ခု နှစ်လယ်ပိုင်းကစလို့ နှစ်စဉ်ဘိလပ်မြေတန်ချိန်ပေါင်း ၁ ဒဿမ ၈ သန်း ထုတ်လုပ်နိုင်မယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
ဒီကုမ္ပဏီဟာ အရှေ့တောင်အာရှမှာ ဒုတိယ အကြီးဆုံး ဘိလပ်မြေထုတ်လုပ်တဲ့ ကုမ္ပဖြစ်ပြီး ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံကို ဘိလပ်မြေတန်ချိန် ၁ ဒဿမ ၇ သန်း တင်ပို့ခဲ့ကြောင်း၊ ဒါဟာ မြန်မာဈေးကွက်ရဲ့ ၄၀ ရာခိုင်နှုန်းကျော် ပမာဏရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးပစ္စည်းတွေ ၀ယ်လိုအားမြင့်တက်လာတဲ့အတွက် ခုလို ဘိလပ်မြေစက်ရုံ တည်ဆောက်တာဖြစ်ပြီး လာမယ့် ၅ နှစ်အတွင်း မြန်မာနိုင်ငံမှာ ဘိလပ်မြေ၀ယ်လိုအား ၁၀ ရာ ခိုင်နှုန်း တိုးတက်လာလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။
