DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းလေကြောင်းခရီးစဉ်များ စတင်ပြေးဆွဲ၊ ခရီးသည်များကို ကိုဗစ်-၁၉ ရှိ မရှိ စစ်ဆေး (ဓာတ်ပုံ)
DVB
·
December 16, 2020
ပြည်တွင်းလေကြောင်းခရီးစဉ်များ စတင်ပြေးဆွဲ၊ ခရီးသည်များကို ကိုဗစ်-၁၉ ရှိ မရှိ စစ်ဆေး (ဓာတ်ပုံ)
1 / 12
Donate to DVB

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေကြောင့် လအတန်ကြာ ရပ်နားထားတဲ့ ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို ဒီကနေ့ ဒီဇင်ဘာလ ၁၆ ရက်မှာ  ပြန်လည်စတင် ပြေးဆွဲနေပါတယ်။

ပြည်တွင်းလေကြောင်းနဲ့ ခရီးသွားမယ့်သူတွေအနေနဲ့  ၃၆ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကင်းစင်ကြောင်း လက်မှတ်၊ လေယာဉ်လက်မှတ်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို ပြသနိုင်မှသာ လေဆိပ်အဆောက်အအုံအတွင်းသို့ ဝင်ရောက်ခွင့် ပြုမှာဖြစ်တယ်လို့ မင်္ဂလာဒုံ လေဆိပ်မှာ အသိပေး ကြေညာထားပါတယ်။

ပြည်တွင်းလေကြောင်းခရီးစဉ်တွေမှာ  လိုက်ပါစီးနင်းကြမယ့် ခရီးသည်တွေကိုတော့ ရန်ကုန်မြို့ရှိ နေရာ ၂ ခုမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ မနေ့ကတည်းက စတင် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးနေပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးမှုကို ရန်ကုန်မြို့၊ ဆူးလေးဘုရာအနီး ရှိ Tourist Burma အဆောက်အအုံနဲ့ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းရှိ ဒေသန္တရဆေးခန်းမှာ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူကာ (RT-PCR Test) စစ်ဆေးနေတာဖြစ်ပြီး တစ်ဦးကို မြန်မာငွေကျပ် ၁၀,၀၀၀ နဲ့   ဆေးစစ်ခ ကုန်ကျတယ်လို့ သိရပါတယ်။

မြန်မာအမျိုးသားလေကြောင်း၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၊ အဲကေဘီဇက်၊ ရွှေမြန်မာလေကြောင်းနဲ့     မန်းရတနာပုံ လေကြောင်းတို့က  ဒီနေ့ ဒီဇင်ဘာ  ၁၆  ရက်က စပြီး ရန်ကုန်၊ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ အမ်း၊ မန္တလေး၊ ကျိုင်းတုံ၊ တာချီလိတ်၊ ဟဲဟိုး၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊  မြစ်ကြီးနား၊ ပူတာအို၊ ကလေး၊ လွိုင်ကော်နဲ့ နေပြည်တော် မှာ ပြည်တွင်း ခရီးစဉ်တွေ စတင် ပျံသန်းပြေးဆွဲကြမှာဖြစ်ပါတယ်။

Photo -Ye Myo Khant / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013