DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် express ကား ၂ စီးပေါ်က ထိန်းချုပ်ဓာတုပစ္စည်းများဖမ်းမိ 
DVB
·
December 15, 2020
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် express ကား ၂ စီးပေါ်က ထိန်းချုပ်ဓာတုပစ္စည်းများဖမ်းမိ 
Donate to DVB

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး သီးကုန်းဂိတ်မှာ ဒီဇင်ဘာ ၁၄ ရက်မနက်က express ကား ၂ စီးပေါ်က ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ် နိုက်ထရိတ်အိတ် ၇၀ အလေးချိန် ကီလိုဂရမ် ၂၆၀၀ကျော် ဖမ်းဆီးမိခဲ့ပါတယ်။

မိတ္ထီလာအမှတ်(၅၅)မူးယစ်တပ်ဖွဲ့စု ဒုရဲမှူးခင်မောင်ဆွေမင်းက "ပထမဆုံးဖမ်းမိတာ ဒဂုံမန်း express ကားပေါ်က မူးယစ်ဆေးဝါးလုပ်ရာမှာသုံးတဲ့ ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်အိတ် ၂၀ ကီလိုဂရမ်ဆိုရင် ကီလိုဂရမ် ၉၀၀လောက်ပါ ယာဉ်မောင်းအပါ ၄ ဦးကို ဖမ်းဆီးမိပါတယ်။ ဒုတိယကတော့ ရာဇာအောင် express ကားပေါ်က အိတ် ၅၀ ကီလိုဂရမ် ၁၇၅၀ကို ဖမ်းဆီးမိတယ်။ ယာဉ်မောင်းအပါ ၃ ဦးကိုလည်း ဖမ်းမိပါတယ်။ စစ်ဆေးပေါ်ပေါက်တဲ့ ကွင်းဆက်တရားခံ မော်လမြိုင်ကားဂိတ်မှူး ၂ ဦးကိုလည်း ဖမ်းထားပါတယ်။"လို့ ပြောပါတယ်။

အမိုနီယမ်နိုက်ထရိတ်  ၁ ကီလိုဂရမ်ကို ခန့်မှန်းကာလပေါက်စျေး ကျပ် ၁၁၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

မော်လမြိုင်ဘက်မှ မန္တလေးဘက်ကို သန်းမြတ်စိုး မောင်းတဲ့ ဒဂုံမန်း ခရီးသည်တင် အမြန်ယာဉ်ကို ရှာဖွေရာ အဖြူရောင်ပီနံအိတ်နဲ့ ထည့်ထားတဲ့ အမိုနီယမ်နိုက်ထရိတ်လို့ ယူဆရတဲ့ အဖြူရောင်အခဲ ၁ အိတ်မှာ ၄၅ကီလိုဂရမ်ပါ အိတ် ၂၀ ကီလိုဂရမ် ၉၀၀ ကို ယာဉ်မောင်း သန်းမြတ်စိုး၊ ရန်နိုင်လွင်၊ ပြည့်ဖြိုးကျော်၊ အောင်ကိုဝင်းတို့ ၄ ဦးနဲ့အတူ ကနဦး ဖမ်းဆီးမိခဲ့တာပါ။

ကွင်းဆက်တရားခံအဖြစ် မော်လမြိုင်မြို့ လှိုင်ရပ်ကွက် မြေနီကုန်းကားဝန်းအနီးနေ ဒဂုံမန်း ကားဂိတ်မှူး ဦးသိန်းဇော်က မန္တလေးပို့ဖို့ တင်ပေးလိုက်ကြောင်း စစ်ဆေးသိရှိရပြီး ဦးသိန်းဇော် ကိုလည်း ဖမ်းဆီးပါတယ်။

ဒါ့အပြင် မော်လမြိုင်ဘက်မှ မန္တလေးဘက်ကို ဇော်မင်း မောင်းလာတဲ့ ရာဇာအောင်ခရီးသည်တင်ကားပေါ်က အဖြူရောင်ဆာလာအိတ်နဲ့ ထည့်ထားတဲ့ အမိုနီယမ်နိုက်ထရိတ်လို့ ယူဆရတဲ့ အဖြူရောင်အခဲ ၁ အိတ်မှာ ၃၅ ကီလိုဂရမ်ပါ အိတ် ၅၀ ကီလိုဂရမ် ၁၇၅၀ကို ယာဉ်မောင်း ဇော်မင်း၊ ချမ်းဝင်းအောင်၊ ထွန်းထွန်းဝင်းတို့ ၃ ဦးနဲ့အတူ ဖမ်းဆီးမိပါတယ်။

ကွင်းဆက်တရားခံအဖြစ် မော်လမြိုင်မြို့ လှိုင်ရပ်ကွက် မြေနီကုန်းကားဝန်းနေ ရာဇာအောင်ကားဂိတ်မှူး သူရကျော် (ခ)ကိုပြည့် က မန္တလေးပို့ဖို့ တင်ပေးလိုက်ကြောင်း စစ်ဆေးသိရှိရပြီး သူရကျော်(ခ)ကိုပြည့် ကိုလည်း ဖမ်းဆီးပါတယ်။

အဆိုပါ အမြန်ယာဉ် ၂ စီးပေါ်က အမိုနီယမ်နိုက်ထရိတ် အိတ်ပေါင်း  ၇၀ ကီလိုဂရမ် ၂၆၀၀ကျော် ခန့်မှန်း ကာလတန်ဖိုး သိန်း ၃၀နီးပါးကို မော်လမြိုင်ကားဂိတ်မှူး ၂ ဦးအပါ ၉ ဦးကို ဖမ်းမိခဲ့တာပါ။

မော်လမြိုင်ကားဂိတ်မှူး ၂ ဦးအပါ ၉ ဦးကို အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်ချမှတ်နိုင်တဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဥပဒေပုဒ်မ ၁၆(ခ) နဲ့ အားပေးကူညီမှုပုဒ်မ ၂၁ တို့နဲ့ မိတ္ထီလာသီးကုန်းအမြန်လမ်းရဲစခန်းမှာ ဖမ်းဆီးအမှုဖွင့် ထားပါတယ်။

သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013