DVB Logo
Home
မြန်မာသတင်း
ဧရာ၀တီတိုင်းတွင် ကိုဗစ်ကာလ လူမှုဖူလုံကြေး ငွေကျပ် သိန်း ၁၂,၀၀၀ ကျော် ထောက်ပံ့ထား
DVB
·
December 15, 2020
ဧရာ၀တီတိုင်းတွင် ကိုဗစ်ကာလ လူမှုဖူလုံကြေး ငွေကျပ် သိန်း ၁၂,၀၀၀ ကျော် ထောက်ပံ့ထား
Donate to DVB

ဧရာတိုင်းဒေသကြီးအတွင်းက အထည်ချုပ်စက်ရုံတွေနဲ့ အလုပ်ရုံတွေမှာ ကိုဗစ်ကာလ ရပ်နားတဲ့ စက်ရုံတွေနဲ့ လျှော့ချခံရတဲ့ အလုပ်သမားတွေအတွက် လူမှုဖူလုံကြေးထောက်ပံ့ငွေကျပ် သိန်း ၁၂,၀၀၀ ထောက်ပံ့ပေးထားတယ်လို့ တိုင်းလူမှုဖူလုံရေးရုံးက သိရပါတယ်။

ကိုဗစ်ကာလ စတင်ဖြစ်ပွားတဲ့ ပထမလှိုင်းမှာ ပိတ်တဲ့စက်ရုံတွေနဲ့ လျှော့ချခံရတဲ့ အလုပ်သမား ၁,၂၇၈ ဦးနဲ့ ဒုတိယလှိုင်းမှာ စက်ရုံယာယီပိတ်ရတာနဲ့ လျှော့ ချခံရတဲ့ အလုပ်သမား ၂,၈၀၀ လောက် အလုပ်လက်မဲ့ဖြစ်ခဲ့လို ထောက်ပံ့ပေးတာလို့ တိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးအောင်ငြိမ်းက ပြောပါတယ်။

“အဲ့ဒီကာလ ၂ ခုမှာ လူမှုဖူလုံကြေးထောက်ပံ့ပေးတာတွေရှိပါတယ်။ စက်ရုံပိတ်ထားတဲ့ ကာလမှာ လူမှုဖူလုံကြေးအကျုံး၀င်တဲ့ အလုပ်သမားတွေ ၁၃,၀၀၀ ကျော်ကို ထောက်ပံ့ပေးထား ပါတယ်။” 

ကိုဗစ်ကာလ ပထမလှိုင်းမှာ စက်ရုံပိတ်တဲ့ရုံက အလုပ်သမားတွေနဲ့ လျှော့ချခံရတဲ့အလုပ် သမားတွေ ယာယီစက်ရုံပိတ်လို့အလုပ်မဆင်းရတဲ့ လူတွေအတွက် လူမှုဖူလုံကြေး ထောက်ပံ့ ငွေ ကျပ် သိန်း ၄,၀၀၀  နီးပါးထောက်ပံ့ခဲ့သလို ဒုတိယလှိုင်းမှာ ကျပ်သိန်း ၇,၈၀၀ ကျော် စုစုပေါင်းကျပ်  သိန်း ၁၂,၀၀၀ ကျော်  လူမှုဖူလုံကြေး အကျိုးခံစားခွင့်အနေနဲ့ ထုတ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဧရာ၀တီတိုင်းမှာ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားခင်အချိန်ထိ အထည်ချုပ်စက်ရုံတွေမှာ အလုပ်ဆင်းတဲ့ စက်ရုံအလုပ်သမား ၁၅,၀၀၀ လောက်ရှိကာ ရောဂါဖြစ်ပွားပြီးနောက်ပိုင်း စက်ရုံပိတ်လိုက်တဲ့ စက်ရုံ ၁ ရုံနဲ့ အလုပ်သမားလျှော့ချရတဲ့ စက်ရုံ ၃ ရုံရှိပြီး လက်ရှိ အလုပ်သမားဦးရေ ၁၀,၀၀၀ လောက်နဲ့ လုပ်ငန်းလည်ပတ်နေတယ်လို့ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေး  အဖွဲ့ရဲ့ မှတ်တမ်းအရ သိရပါတယ်။

သတင်း - မင်းထက်မုန်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013