DVB Logo
Home
မြန်မာသတင်း
အစည်းရုံးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ နုတ်ထွက်ရန် ရုပ်ရှင်လောကသားအချို့ ဆန္ဒပြ
DVB
·
August 24, 2013
အစည်းရုံးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ နုတ်ထွက်ရန် ရုပ်ရှင်လောကသားအချို့ ဆန္ဒပြ
1 / 2
Donate to DVB

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေ နုတ်ထွက်ပေးဖို့ ရုပ်ရှင်လောကသားတချို့ ရန်ကုန်မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။



ရန်ကုန်မြို့၊ မဟာဗန္ဓုလလမ်းက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရှေ့မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူတွေ နုတ်ထွက်ပေးဖို့ စာသားပါ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ခဲ့ကြပါတယ်။


ဆန္ဒပြရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဦးဆောင်ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ဒေါ်စန်းစန်းမော်က“ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနဲ့ အမှုဆောင်အဖွဲ့၊ နောက် ဗွီဒီယို အခြေခံအဖွဲ့ ဗဟိုနဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အဖွဲ့တွေရဲ့ လုပ်ရပ်တွေအပေါ် ကျမတို့ မကျေနပ်လို့ ဆန္ဒပြကြတာပါ။
ရုပ်ရှင်လောကသားတွေ တိုးတက်အောင် မလုပ်ဘဲနဲ့ မိမိကိုယ်ကျိုးအတွက်လည်း လုပ်တယ်။ သူတို့ရဲ့ လက်ရှိအာဏာရှိနေတဲ့ အစုအဖွဲ့လေးအတွက်ပဲ လုပ်ပါတယ်” လို့ ပြောပါတယ်။

တရားဝင်ခွင့်ပြုချက်ရယူပြီး ရုပ်ရှင်လောကသား အယောက် ၃၀ လောက် စုဝေးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းကတော့ အစည်းအရုံးရဲ့ လုပ်ရပ်တွေကို  ပြန်သုံးသပ်ဖို့ ရှိတယ်လို့ ပြောပါတယ်။

“ဖြစ်စဉ်အပေါ် အစည်းအရုံး ဥက္ကဋ္ဌတယောက်အနေနဲ့ ပြောရမယ်ဆိုရင် ကျနော်တို့ပြန်လည် သုံးသပ်ပါ့မယ်။ ဆိုလိုတာက ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဆန္ဒဖော်ထုတ်တာလဲ။ ဘယ်လိုဆန္ဒတွေကို လိုလားတောင်းဆိုတာလဲ။  နောက်ပြီး ဘယ်လိုလူမျိုးတွေက ဆန္ဒဖော်ထုတ်ကြတာလဲဆိုတာ ကျနော်တို့ သုံးသပ်ပါ့မယ်။ ပြီးရင် ကျနော် ဥက္ကဋ္ဌတယောက်အနေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပါ့မယ်။ ရုပ်ရှင်းအစည်းအရုံးအဖွဲ့အနေနဲ့လည်း ကျနော်တို့ရဲ့ လုပ်ရပ်တွေကို ပြန်သုံးသပ်ပါ့မယ်။ ဒီသုံးသပ်ချက် ၂ ခုကို အဖြေရှာလိုက်ရင် သဘောထားတခုတော့ မနက်ဖြန်လောက် ထုတ်ပြန်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို အစိုးရသစ်လက်ထက်မှာ ရုပ်ရှင်လောကသားတွေ စိတ်ကြိုက် လွတ် လွတ်လပ်လပ် ရွေးချယ်ဖွဲ့စည်းခဲ့ကြတာဖြစ်ပြီး အခုလို အစည်းအရုံးကို ဆန္ဒပြတာတည်း ပထမဆုံး ဖြစ်ပါတယ်။


Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013