DVB Logo
Home
မြန်မာသတင်း
Stay at home ဒေသမှ လေကြောင်းလိုင်းဖြင့် ပြန်လာသူများ ကွာရန်တင်းဝင်ရမည်
DVB
·
December 14, 2020
Stay at home ဒေသမှ လေကြောင်းလိုင်းဖြင့် ပြန်လာသူများ ကွာရန်တင်းဝင်ရမည်
Donate to DVB

ရန်ကုန်အပါအဝင် Stay at home သတ်မှတ်ထားတဲ့ဒေသကနေ  လေကြောင်းလိုင်းနဲ့ ပြန်လာသူတွေအနေနဲ့ Stay at home မဟုတ်တဲ့ ဒေသသို့သွားရောက်ပါက မဖြစ်မနေ ကွာရန်တင်းဝင်ရမှာဖြစ်ပါတယ်။ 

Stay at home သတ်မှတ်ထားတဲ့ဒေသကနေတခြား Stay at home ဒေသသို့သွားရောက်ပါက မထွက်ခွာမီ ၃၆ နာရီအတွင်း RDT စစ်ဆေးထားပြီးဖြစ်လို့ ကွာရန်တင်း ဝင်စရာမလိုပေမဲ့ Stay at home မဟုတ်တဲ့ ဒေသသို့သွားရောက်ပါက မဖြစ်မနေ ကွာရန်တင်းဝင်ရမှာဖြစ်ပြီး ဆေးစစ်ခပေးဆောင်ရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။

ဆေးစစ်တဲ့အခါမှာ PCR နဲ့ စစ်ဆေးတဲ့ရလဒ်မှာ ပိုးမတွေ့ပါက ၃ ရက်နဲ့ ကွာရန်တင်းမှ ထွက်နိုင်ပြီး RDT နဲ့စစ်ဆေးပါက ပိုးမတွေ့ပေမယ့် ၇ ရက်ကွာရန်တင်းဝင်ရမှာဖြစ်တယ် လို့ သိရပါတယ်။

လေဆိပ်ကောင်တာမှာ Check-in ဝင်တဲ့အခါ ၃၆ နာရီအတွင်း RDT နဲ့ စစ်ဆေးထားတဲ့ ထောက်ခံစာနဲ့ ချက်ကင်ဝင်ရမှာဖြစ်တယ် လို့သိရပါတယ်။

Stay at home အဖြစ် မသတ်မှတ်ထားတဲ့ ဒေသမှ လေယာဉ်ခရီးနဲ့ ဘယ်ဒေသကို မဆိုသွားရောက်တဲ့အခါ RDT  test kit နဲ့ ၃၆ နာရီအတွင်း စစ်ဆေးထားတာကြောင့် ကွာရန်တင်းဝင်စရာမလိုဘူးလို့ သိရပါတယ်။

လက်ရှိမှာ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA နဲ့ Air Kanbawza တို့ လေယာဉ်လက်မှတ်တွေကို ဒီဇင်ဘာ ၁၆ နေ့ကစပြီး ရန်ကုန်၊ မန္တလေး၊ ကျောက်ဖြူ၊ စစ်တွေ၊ တာချီလိတ် စတဲ့ ကိုဗစ်-၁၉ ကူးစက်မှုအများဆုံးမြို့တွေကို ပျံသန်းမယ့်ခရီးစဉ်အတွက် လက်မှတ်ရောင်းချမယ်လို့ ကြေညာထားပါတယ်။

လေယာဉ်မထွက်ခွာမီ ၃၆ နာရီအတွင်း PCR /RDT test kid တွေနဲ့ စစ်ဆေးရမယ့် နေရာကို အခုထိအတိအကျဘာမှမသိရ သေးဘူး လို့ တောင်ကြီးမြို့က စေတနာ့ဝန်ထမ်း ကိုဝင်းနိုင်စိုးကပြောပါတယ်။ 

လာမယ့် ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ဟဲဟိုး‌လေဆိပ်သို့ဆိုက်ရောက်လာမယ့် ခရီးသည်များစွာ ရှိနေပြီး တောင်ကြီးမြို့ပေါ်သို့ လူနာတင်ကား အကူအညီတောင်းခံမှုများစွာရှိနေတယ် လို့ ပြောပါတယ်။

သတင်း - နန်းစပယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013