DVB Logo
Home
မြန်မာသတင်း
မြန်မာအနေဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ထုတ်လွှတ်မှုပမာဏ တန်ချိန်ပေါင်း ၂၄၃ သန်း လျှော့ချရန် ကတိပြု
DVB
·
December 14, 2020
မြန်မာအနေဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ထုတ်လွှတ်မှုပမာဏ တန်ချိန်ပေါင်း ၂၄၃ သန်း လျှော့ချရန် ကတိပြု
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့  (CO2) လေထုထဲ ထုတ်လွှတ်မှုပမာဏ တန်ချိန်ပေါင်း ၂၄၃ သန်း လျှော့ချဖို့ မျှော်မှန်းထားတယ်လို့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကတိပြုပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ  ၁၂  ရက်က အွန်လိုင်းကနေကကျင်းပတဲ့ Climate  Ambition  Summit  ထိပ်သီး အစည်းအဝေးမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဗီဒီယိုနဲ့ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို        တုံ့ပြန်ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံရဲ့ ကတိကဝတ်တွေကို ကြေညာခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ   အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနဲ့  လိုက်လျော ညီထွေဖြစ်စေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (Nationally Determined Contribution - NDC) ကို အခုနှစ်မကုန်မီ တင်သွင်းသွားဖို့  ရည်မှန်းထားတယ်လို့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က  အစည်းအဝေးမှာ ပြောပါတယ်။

အဆိုပါလုပ်ငန်းအစီအစဉ်အရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ပါဝင်မှုအချိုးကို ၃၉ ရာခိုင်နှုန်း တိုးမြှင့်တာနဲ့  သစ်တော ကဏ္ဍမှ ကာဗွန် အသားတင် ထုတ်လွှတ်မှုကို ၂၅ ရာခိုင်နှုန်း လျှော့ချခြင်းတို့ကနေတဆင့် ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2)ထုတ်လွှတ်မှုပမာဏ တန်ချိန်ပေါင်း ၂၄၃ သန်း    လျှော့ချဖို့ မျှော်မှန်းတယ်လို့ ပြောပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုနဲ့ပတ်သက်လို့  စွမ်းအင်ကဏ္ဍမှာ တန်ချိန် ပေါင်း ၁၀၅ ဒသမ ၂ သန်းနဲ့ သစ်တောကဏ္ဍမှာ တန်ချိန် ပေါင်း ၁၂၃ ဒသမ ၆ သန်း အသီးသီးလျှော့ချသွားမှာဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ လိုက်လျော ညီထွေဖြစ်စေရေးလုပ်ငန်းစီမံချက် (National Adaptation Plan) ကို ၂၀၂၄ ခုနှစ်မှာ အပြီးရေးဆွဲသွားမယ်လို့ ပြောသွားပါတယ်။

ဒါ့အပြင် ကာဗွန်စုပ်ယူမှုမြှင့်တင်ရေးနဲ့ ပတ်သက်ပြီးလည်း  စုစုပေါင်း နိုင်ငံဧရိယာရဲ့ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် တိုးမြှင့်သတ်မှတ်ဖို့ ရည်မှန်းထားကြောင်း   သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း (၂၀၁၇-၂၀၂၇) နဲ့ အညီ မြေဧရိယာဟက်တာ (၀ ဒသမ ၅၉)သန်းရှိ   ကြိုးဝိုင်း သစ်တောတွေကို        ထိန်းသိမ်းစောင့်ရှောက်သွားမှာဖြစ်ပြီး အစိုးရနှင့်ပုဂ္ဂလိကပိုင်မြေတွေရဲ့ မြေဧရိယာ ဟက်တာ  (၀ ဒသမ ၂၅) သန်းမှာ  သစ်ပင်တွေ စိုက်ပျိုး သွားမယ်လို့လည်းဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၂၁-၂၀၃၀ ကာလ အတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု တန်ချိန်ပေါင်း ၅ ဒသမ ၉၉ သန်းနီးပါး လျှော့ချနိုင်ဖို့ ထင်း သုံးစွဲမှုလျော့နည်းတဲ့ စွမ်းအားမြှင့်မီးဖို ၅ ဒသမ ၁ သန်း ဖြန့်ဖြူးသွားမယ်လို့လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ရဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့သွားပါတယ်။

ပါရီသဘောတူညီ ချက် (၅)နှစ်မြောက် အထိမ်းအမှတ် ကျင်းပတဲ့ အဆိုပါထိပ်သီးအစည်းအဝေးမှာ  ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီရိုဂုတာရပ်စ် အပါအဝင် ၇၅ နိုင်ငံမှ အကြီးအကဲတွေက ဗီဒီယိုနဲ့  မိန့်ခွန်းတွေအသီးသီးပြောကြားခဲ့ကြပြီး ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု တုံ့ပြန်ဖြေရှင်းရေးနဲ့ ပါရီသဘောတူညီချက် အကောင်အထည် ဖော်ရေးတို့အတွက် ကတိကဝတ်တွေကို ကြေညာခဲ့ ကြပါတယ်။ 

ဓာတ်ပုံ-State Counsellor        

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013