DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာလ နွားထိုးကြီးမြို့နယ်ထွက် အင်ကြင်းကျောက်များ အွန်လိုင်းက အရောင်းအဝယ်ဖြစ်
DVB
·
December 13, 2020
ကိုဗစ်ကာလ နွားထိုးကြီးမြို့နယ်ထွက် အင်ကြင်းကျောက်များ အွန်လိုင်းက အရောင်းအဝယ်ဖြစ်
Donate to DVB

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထွက် အင်ကြင်းကျောက်တွေကို အရင်က တရားမဝင်လမ်းကြောင်းက သယ်ယူပြီး တရုတ်ပြည် ရွှေလီ ကြယ်ဂေါင်အရောက် ပို့ဆောင် ရောင်းချနေရပေမယ့် အခု ကိုဗစ်ကာလမှာတော့ တရုတ်ပြည်ထိ သွားစရာမလိုပဲ Online ကနေ Live လွှင့်ပြီးရောင်းချနေရတယ်လို့ Tree Jade အင်ကြင်းကျောက်ကုမ္ပဏီပိုင်ရှင်က ပြောပါတယ်။ 

အရင်က အင်ကြင်းကျောက်ကို တရားမဝင်လမ်းကြောင်းကနေ သယ်ယူဖို့ တစ်ပိဿာကို ၂၀၀၀ ကနေ ၂၅၀၀ ကျပ်အထိ ပေးရပြီး ဖမ်းဆီးမိခဲ့ရင်လည်း အများအပြားဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ တရုတ်ပြည်ထိသွားစရာမလိုဘဲ Online ကနေတဆင့် ရောင်းချပြီး အရောင်းအဝယ်တည့်တဲ့အခါ ပိုက်ဆံ ချက်ချင်းရသလို ရောင်းချပြီးသား ကျောက်တွေကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ပါမစ်နဲ့ တရုတ်ပြည်နယ်စပ်ကို ပို့ဆောင်တယ်လို့ ကျောက်အရောင်းအဝယ် ပြုလုပ်သူက ပြောပါတယ်။  

အဲဒီလို Online ကနေ Live လွှင့်ပြီး ရောင်းတဲ့အတွက် တရုတ်နိုင်ငံတစ်ခုတည်းတင်မကပဲ  မကာအိုဈေးကွက်၊ ဟောင်ကောင်ဈေးကွက်တွေအထိ ဈေးကွက်ကျယ်ပြန့်လာတယ်လို့ ဆိုပါတယ်။

အင်းကြင်းကျောက် ကုမ္ပဏီပိုင်ရှင် ဦးမင်းရွှေက “Online စျေးကွက်ကြောင့် ဒေသတွင်း ကျောက်လုပ်ကိုင်သူတွေ ခရီးသွားစရာမလိုတော့တာကြောင့် စားရိတ်ကုန်၊ အချိန်ကုန် သက်သာပြီး အခုလာ၊ အခုရောင်း၊ အခုငွေပေါ် တာကြောင့် အင်ကြင်းကျောက်ကို online က ရောင်းချမှုကို ကျောက်လောကသားများက ဝမ်းသာကြိုဆိုကြတယ်” လို့ ပြောပါတယ်။

အခုလိုရောင်းချတဲ့နေရာမှာ  ပွဲစားမလိုဘဲ ဝယ်သူနဲ့ ရောင်းသူ တိုက်ရိုက် ရောင်းချရတာကြောင့် စိတ်တိုင်းကျ ဈေးသတ်မှတ်နိုင်သလို ငွေလည်းပိုမိုရရှိတယ်လို့  အင်ကြင်းကျောက်လုပ်ငန်း လုပ်ကိုင်သူတွေကတဆင့် သိရပါတယ်။ 

သတင်း - ဇာဇာမောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013