DVB Logo
Home
မြန်မာသတင်း
မွန်အမျိုးသား ပညာရေးကျောင်းများကို တရားဝင် အသိအမှတ်ပြုပေးရန် တောင်းဆို
DVB
·
December 12, 2020
မွန်အမျိုးသား ပညာရေးကျောင်းများကို တရားဝင် အသိအမှတ်ပြုပေးရန် တောင်းဆို
Donate to DVB

တိုင်းရင်းသားဒေသတွေက ပညာရေးတွေမှာ ပိုပြီး ရင်းနှီးမြှုပ်နှံသွားမယ်ဆိုတဲ့ နိုင်ငံတော် သမ္မတရဲ့ ပြောဆိုချက်ကို လက်ခံကြိုဆိုပေမယ့် ရေရှည်ရပ်တည်ဖို့ အခက်အခဲရှိလာတဲ့ မွန်အမျိုးသား ပညာရေးကျောင်းတွေကို တရားဝင် အသိမှတ်ပြုဖို့နဲ့ ဆရာ ဆရာမတွေရဲ့ လစာကို ထောက်ပံ့ပေးဖို့ မွန်အမျိုးသားပညာရေးကော်မတီက တောင်းဆိုလိုက်ပါတယ်။ 

မွန်အမျိုးသား စာသင်ကျောင်းတွေဟာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ စာသင်ကျောင်းပေါင်း ၁၃၃ ကျောင်း ရှိနေတာ ဖြစ်ပြီး ကျောင်းသူကျောင်းသား ၁၀,၀၀၀ ကျော်ကို မွန်စာပေတွေနဲ့ အစိုးရသင်ရိုးညွှန်တမ်းတွေကို သင်ကြားပေးနေတာပါ။ 

ဒီစာသင်ကျောင်းတွေဟာ ပြည်တွင်းပြည်ပ အလှူရှင်တွေနဲ့ ရပ်ရွာဒေသခံတွေရဲ့ အလှူငွေတွေအပေါ် မှီခိုနေရတဲ့အတွက် ရေရှည်ရပ်တည်ဖို့ အခက်အခဲရှိနေပါတယ်။

အခုအခါမှာတော့ နိုင်ငံတော် သမ္မတက တိုင်းရင်းသားဒေသတွေက ပညာရေးတွေမှာ အရင်ထက်ပိုပြီး ရင်းနှီးမြှုပ်သွားမယ်လို့ ဒီဇင်ဘာ ၉ ရက်မှာ ကျရောက်တဲ့ နှစ်တရာပြည့် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်း ပြောဆိုထားပါတယ်။ 

ဒါကြောင့် အစိုးရအနေနဲ့ နောက်ပိုင်းမှာ မွန်အမျိုးသား ပညာရေးကျောင်းတွေကို တရားဝင် အသိမှတ်ပြုပေးဖို့နဲ့ ဆရာ ဆရာမတွေရဲ့ လစာကို ထောက်ပံ့ပေးဖို့ မွန်အမျိုးသား ပညာရေး ကော်မတီ ပရိုဂမ်မန်နေဂျာ ဦးမင်းအောင်ဇေက တောင်းဆိုလိုက်ပါတယ်။

လက်ရှိမှာ မွန်အမျိုးသား ပညာရေးကျောင်း ၁၀၀ လောက်ကို ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားပေမယ့် လူသူ အရောက်အပေါက်နည်းတဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာတော့ စာသင်ကျောင်း ၃၀ လောက် ဖွင့်လှစ်သင်ကြာပေးနေတာပါ။ 

မွန်အမျိုးသား ပညာရေးကျောင်းတွေဟာ အစိုးရ လက်လှမ်းမမီတဲ့ တိုင်းရင်းသားဒေသတွေမှာ အခြေခံပညာကို အကောင်အထည်ဖော်ပေးနေတဲ့အတွက်ကြောင့် အစိုးရအနေနဲ့ ကူညီတာတွေ လုပ်ဆောင်စေလိုတယ်လို့ ဦးမင်းအောင်ဇေက ဆိုပါတယ်။

လက်ရှိမှာတော့ ရန်ပုံငွေ အခက်အခဲကြောင့် မွန်အမျိုးသား ပညာရေးကျောင်းတွေက ဆရာ ဆရာမတွေရဲ့ လစာအဖြစ် တစ်ဦးကို ကျပ် ၈၀၀၀၀ လောက်သာ ထောက်ပံ့ပေးနိုင်တဲ့အတွက် ရေရှည်ထိန်းသိမ်းဖို့ အခက်အခဲရှိနေတာပါ။

မွန်အမျိုးသား ပညာရေးကျောင်းတွေကို အစိုးရအနေနဲ့ ကူညီပေးတာတွေ လုပ်ဆောင်သင့်တယ်လို့ မွန်ပြည်နယ် လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဇော်ထူးက ပြောပါတယ်။

မွန်အမျိုးသား ပညာရေး ကျောင်းတွေကို အစိုးရက တရားဝင် အသိမှတ်မပြုသေးတဲ့အတွက် ဆရာ၊ ဆရာမတွေရဲ့ လစာကို ထောက်ပံ့ပေးအပ်နိုင်ခြင်း မရှိသေးပေမယ့် ကျောင်းသုံးစာအုပ်တွေနဲ့ စာရေး ကိရိယာတွေအပါအဝင် သင်ထောက်ကူ ပစ္စည်းတွေကို နှစ်စဉ် ထောက်ပံ့ပေးနေတယ်လို့ မွန်ပြည်နယ်ပညာရေးမှူးက ဆိုထားပါတယ်။ 

ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013