မင်းကင်းမြို့ အနောက်မြောက်ဘက်တွင် အင်အား ၃ ဒသမ ၈ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
December 12, 2020

စစ်ကိုင်းတိုင်း မင်းကင်းမြို့ အနောက်မြောက်ဘက်မှာ အင်အား ၃ ဒသမ ၈ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၁၀ နာရီ၊ ၄၄ မိနစ်၊ ၁၁ စက္ကန့် အချိန်က မင်းကင်းမြို့ရဲ့ အနောက်မြောက်ဘက် ၁၃ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၉၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၃၂ ဒီဂရီ၊ အနက် ၁၉ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။










