DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်အဲယားဝေးစ် နေပြည်တော် တိုက်ရိုက်ပျံသန်းမည်
DVB
·
August 23, 2013
ဘန်ကောက်အဲယားဝေးစ် နေပြည်တော် တိုက်ရိုက်ပျံသန်းမည်
Donate to DVB

ဘန်ကောက်အဲယားဝေးစ်က ဘန်ကောက်ကနေ နေပြည်တော်ထိ တိုက်ရိုက်လေယာဉ်ပျံသန်းပြေးဆွဲမယ်လို့ ကြေညာပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့မှာ စတင်မယ့် အဲဒီလေယာဉ်ခရီးစဉ်ဟာ ဒီလမ်းကြောင်းအတွက် ပထမဆုံးဖြစ်သလို ဘန်ကောက်အဲယားဝေးစ်အဖို့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေကို ပျံသန်းနိုင်တဲ့ တခုတည်းသော ထိုင်းလေကြောင်းလိုင်း ဖြစ်လာတော့မှာပါ။

ဘန်ကောက်အဲဝေးစ်ဥက္ကဋ္ဌ မစ္စတာ Puttipong Prasarttong-Osoth ပွတ်တီပွန် ပရာဆတ်တွန် အိုဆော့တ်က “ဒီစက်တင်ဘာကုန်ရင် မြန်မာပြည်ရဲ့အဓိက မြို့ကြီးသုံးမြို့ကို ပျံသန်းရေး ကျနော်တို့ စီမံနေတာ ကြာပါပြီ။ ရန်ကုန်ကို ဘန်ကောက်သုဝဏ္ဏဘူမိလေဆိပ်ကနေ ရန်ကုန် တနေ့ကို သုံးကြိမ်ပျံသန်းနေရာကနေ လာမယ့်အောက်တိုဘာ ၂၇ ကျရင် တနေ့ လေးခေါက်ပျံသန်းမှာပါ။ ဒုတိယအဖြစ် မန္တလေးမြို့ကို စက်တင်ဘာ ၁၅ ရက်မှာ တပတ်ကို  ၄ ကြိမ်ပျံသန်းပါမယ်။ နောက်ဆုံးအနေနဲ့ နေပြည်တော်ကို စက်တင်ဘာ ၃၀ မှာ တပတ်ကို သုံးကြိမ် တိုက်ရိုက်ပျံသန်းမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဘန်ကောက် - နေပြည်တော်သွားတဲ့ ခရီးသည်တွေဟာ များသောအားဖြင့် စီးပွားရေးသမားတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ဖြစ်မှာပါ။ ကျန်နှစ်မြို့ကတော့ အများစုဟာ တိုးရစ်စ်တွေဖြစ်ပါလိမ့်မယ်။ ဘန်ကောက်အဲဝေးစ်ဟာ ဒီဈေးကွက်မှာ ဦးဆောင်သူဖြစ်လာမယ်လို့ ယုံကြည်ကြောင်း သူက ပြောပါတယ်။

ဒါ့အပြင် ဘန်ကောက်အဲဝေးစ် လေယာဉ်အားလုံးဟာ ကိုရီးယား၊ ဂျပန်နဲ့ ဥရောပဘက်ကနေ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးကိုသွားမယ့် ခရီးသည်တွေကို သုဝဏ္ဏဘူမိ လေဆိပ်ကနေ ၀န်ဆောင်မှုပေးမယ့် အစီအစဉ်လည်း ရှိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013