DVB Logo
Home
Lead Story
အွန်လိုင်းပေါ် ရေပန်းစားနေသည့် ကော်နီစုံတွဲသီချင်း-“ကြည့်ခွင့်​တော့ရှိတယ် ထိခွင့်မရှိ”
DVB
·
December 11, 2020
အွန်လိုင်းပေါ် ရေပန်းစားနေသည့် ကော်နီစုံတွဲသီချင်း-“ကြည့်ခွင့်​တော့ရှိတယ် ထိခွင့်မရှိ”
Donate to DVB

“ကြည့်ခွင့်​တော့ရှိတယ် ထိခွင့်မရှိ… မဆိုင်ရင်မင်း မပိုင်ရဘူး… သိခွင့်​တော့ရှိ တယ် ငြိခွင့်မရှိ… မတူရင်မင်း မချူရဘူး… မင်းရဲ့အ​ခြေအ​​နေ.. မင်း… နားလည်ဦး… ကြည့်ခွင့်​တော့ရှိတယ် ထိခွင့်မရှိ… မဆိုင်ရင်မင်း မပိုင်ရဘူး… သိခွင့်​တော့ရှိတယ် ငြိခွင့် မရှိ… မတူရင်မင်း မချူရဘူး… မင်းရဲ့အ​ခြေအ​​နေ.. မင်း...နားလည်ဦး”

ဒါကတော့ လတ်တလောအသစ်ထွက်ရှိလာပြီး အင်တာနက်လူမှုကွန်ရက်စာမျက် နှာတွေပေါ်မှာ ရေပန်းစားနေတဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါ တယ်။

“ကြည့်ခွင့်​တော့ရှိတယ် ထိခွင့်မရှိ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေး ရေး ညီညီသွင်က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး ဝါရင့်အမျိုးသမီးတေးသံရှင် ကော်နီနဲ့ မျိုးဆက်သစ် လူငယ်အဆိုရှင် ပြည်ဘုန်းမော်တို့က စုံတွဲသီဆိုထားခဲ့ကြတာ ဖြစ်ပါတယ်။

အသက် ၅၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တေးသံရှင် ကော်နီဟာ ၁၉၈၀ ပြည့်လွန် နှစ်များဆီကတည်းက လက်ရှိအချိန်ထိတိုင်အောင် တေးသီချင်းတွေများစွာကို သီဆို အောင်မြင်နေဆဲ အဆိုတော်တယောက်ဖြစ်ပါတယ်။

သူဟာ New Wave တေးဂီတအဖွဲ့မှာ နောက်ခံအဆိုရှင်အနေနဲ့ ဂီတအနုပညာ လမ်းကြောင်းကို စတင်ခဲ့တာဖြစ်ပြီး ၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ ပထမဆုံးတေး အယ်လ်ဘမ်-“တာဇံ”၊ နောက်ထပ်ထွက်ရှိလာခဲ့တဲ့ “နင်ဂျာ” တေးအယ်လ်ဘမ်တွေက တော့ သူ့ကို ကော်နီအနေနဲ့ အောင်မြင်စေခဲ့တဲ့ မှတ်တိုင်တွေ ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ဆယ်စုနှစ်များစွာတိုင် သီချင်းပေါင်းများစွာကို သီဆိုအောင်မြင်ခဲ့သလို ၂၀၁၉ ခုနှစ်ဆန်းက ထွက်ရှိခဲ့တဲ့ နာမည်ကြီး “ဆေး”သီချင်းနဲ့အတူ တကျော့ပြန် အောင် မြင်မှုတွေ ရရှိခဲ့သလို ပြီးခဲ့တဲ့ ဧပြီလတုန်းက ကိုဗစ်လော့ခ်ဒေါင်းကာလ “အိမ်မှာနေချင် တာပေါ့”သီချင်းနဲ့လည်း ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။

“ကျိန်ပါတယ်ဆိုရင် လိမ်တာပဲ ဖြစ်မယ်… အိုး… မချစ်ပါဘူး… အတင်းငြင်း​နေ ရင်း… နှလုံးသားဆန္ဒကို မလွန်ဆန်ရဲဘူး… ချည်တဲ့ကြိုးကို ဖြတ်ဖို့ရန်ခက်… တွယ် တာတယ်ဆိုတာ ​​​​ဝေဒနာများလားကွယ်… အိုး… မဖြစ်နိုင်ဘူး… သိခဲ့​ပေမယ့်… နှုတ်လို့မ ရဘူးကွယ်… ကျွံ​နေတဲ့အသည်း… ကိုယ်ဟာမင်းကို ​မေ့ဖို့ကြံစည်တယ်မရဘူး”

ခုနောက်ထပ် ထွက်ရှိလာခဲ့တဲ့ “ကြည့်ခွင့်​တော့ရှိတယ် ထိခွင့်မရှိ”သီချင်းထဲမှာ တော့ ပြည်ဘုန်းမော်နဲ့အတူ အတွဲညီညီ သီဆိုထားခဲ့တာကို ပရိသတ်တွေက ခံစားနား ဆင်ကြရမှာ ဖြစ်ပါတယ်။

ရှေ့ဆက်တိုးဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ ချစ်သူ ၂ ဦးကြားက အလွမ်းအဆွေးခံ စားသက်ဝင်မှုအားကောင်းကောင်းနဲ့ သီဆိုထားခဲ့တဲ့ ဒီသီချင်းကိုတော့ Joox အက်ပလီ ကေးရှင်းကတဆင့် ဝင်ရောက်နားဆင်နိုင်မှာဖြစ်ပြီး ပရိသတ်တွေ နှစ်ခြိုက်မှုတွေနဲ့ နာ မည်ကြီးနေခဲ့တာပါ။

https://www.joox.com/mm/single/DBQzlw27PccARDr+VHOCLg==?appshare=android

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013