DVB Logo
Home
မြန်မာသတင်း
ဧရာ၀တီတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်အပါအဝင် ၀န်ကြီးအားလုံး နေအိမ်ကွာရန်တင်း၀င်ရမည်
DVB
·
December 11, 2020
ဧရာ၀တီတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်အပါအဝင် ၀န်ကြီးအားလုံး နေအိမ်ကွာရန်တင်း၀င်ရမည်
Donate to DVB

ဧရာတိုင်းဒေသကြီး စည်ပင်၀န်ကြီးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီးနောက် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးအားလုံးကို ဆေးစစ်ဖို့အတွက် Swab ယူပြီး စစ်ဆေးသွားမှာဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ရုံးက သိရပါတယ်။

ဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့ ၀န်ကြီးအားလုံး ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိစစ်ဆေးဖို့ကို တိုင်းကျန်းမာရေးအစီအစဉ်နဲ့ လုပ်ဆောင်တာဖြစ်ပြီး ဒီမနက် ၁၀ နာရီလောက်မှာ စတင်စစ်ဆေးမှာဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်း ဆက်သွယ်ရေး၀န်ကြီး ဦး၀င်းဌေးက ပြောပါတယ်။

"တိုင်းကျန်းမာရေး အစီအစဉ်နဲ့ စစ်မှာပါ၊ အစိုးရအဖွဲ့က ၀န်ကြီးအားလုံးစစ်ဆေးရမှာ၊ ပြီးရင်တော့ ၅ ရက်လောက် အိမ်မှာနေပြီ အလုပ်လုပ်ရမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

ဆေးစစ်ပြီးပါက တိုင်းအစိုးရအဖွဲ့က ၀န်ကြီးတွေအားလုံး ၅ ရက်လောက် နေအိမ်မှာ ကွာရန်တင်း၀င်ရမှာဖြစ်သလို  အလုပ်တွေကိုတော့ နေအိမ်ကနေပဲ ဆက်လက် လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့က ဧရာ၀တီတိုင်းအစိုးရအဖွဲ့က စည်ပင်၀န်ကြီး ဦးကျော်မြင့် ကိုဗစ်-၁၉ ရောဂါကူး စက်ခံခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပုသိမ်မြို့က တိုင်းရင်းကျန်းမာရေးဆေးရုံမှာ ဆေးကုသမှုတွေ လုပ်ဆောင်ပေးနေသလို လွှတ်တော်က လုပ်သား ၁ ဦးလည်း ရောဂါ ကူးစက်ခံထားရတာပါ။

ဧရာ၀တီတိုင်းဒေသကြီးမှာ ဒီဇင်ဘာလ ၁၀ ရက် အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၄၄၁ ဦးထိရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၂၆၅၅ ဦးရှိကာ သေဆုံးသူလူနာ ၂၃ ဦးရှိတယ်လို့ တိုင်းကျန်းမာ ရေးဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013