DVB Logo
Home
မြန်မာသတင်း
မြန်မာရွှေ့ပြောင်းလုပ်သားများ ထိုင်းနိုင်ငံပြန်သွားခွင့်ရရေး ညှိနှိုင်းဖြေရှင်းရန်လိုအပ် 
DVB
·
December 10, 2020
မြန်မာရွှေ့ပြောင်းလုပ်သားများ ထိုင်းနိုင်ငံပြန်သွားခွင့်ရရေး ညှိနှိုင်းဖြေရှင်းရန်လိုအပ် 
Donate to DVB

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံထဲဝင်ရောက်ဖို့ အခက်အခဲဖြစ်နေတဲ့အခြေအနေကို အစိုးရတာဝန်ရှိသူတွေက အမြန်ဆုံး ညှိနှိုင်းဖြေရှင်းပေးသင့်ပြီလို့ ရွှေ့ပြောင်းအလုပ်သမားအရေးလေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

ကိုဗစ်-၁၉ ကာလအစပိုင်းမှာ ထိုင်းနိုင်ငံမှာ ရောဂါဖြစ်ပွားတဲ့ အခြေအနေတွေကြောင့် မြန်မာပြည်ကို ပြန်လာခဲ့ကြပြီး  MOU စနစ်နဲ့ ထိုင်းကိုပြန်သွားမယ့် အလုပ်သမားတွေရှိသလို ထိုင်းကိုသွားဖို့ စီစဉ်ထားပေမဲ့ ကပ်ရောဂါကြောင့် ဝင်ခွင့်မရသူတွေ သိန်းချီရှိနေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူတွေကဆိုပါတယ်။‌ေ

ရွှေ့ပြောင်းအလုပ်သမားအရေး လေ့လာစောင့်ကြည့်သူ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက  “အရေးပေါ်ဖြစ်သွားတာကြောင့်မို့လို့ ထိုင်းနဲ့ ချက်ချင်းပဲ ဆက်သွယ်ညှိနှိုင်းပြီး အရေးပေါ်လုပ်ရမယ့် ကိစ္စလေးတွေရှိပါတယ်။ MOU စနစ်နဲ့ ထိုင်းကို ပြန်သွားမယ့်သူတွေဆိုရင်လည်း နစ်နာပါတယ်။ သူတို့ဆိုရင် မြန်မာနိုင်ငံဘက်ကို ခဏလေးလာခဲ့တာပါ။ ပြန်ဝင်လိုက်တာနဲ့ အဆင်ပြေမယ့်ကိစ္စမှာ ကျနော်တို့ဘက်က မဆောင်ရွက်ပေးနိုင်တဲ့အခါ အလုပ်သမား တစ်သိန်းလောက်က အဲတာနဲ့ ငြိနေပါတယ်” လို့  DVB Debate အစီအစဉ်မှာ ပြောပါတယ်။

ထိုင်းအခြေစိုက်မြန်မာအလုပ်သမားကူညီစောင့်လျောက်ရေး AAC မဟာမိတ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ဦးသူ ဦးရဲမင်းကတော့ “အခုအခက်အခဲကြုံနေရတဲ့ မြန်မာအလုပ်သမားတွေကိစ္စကို အလုပ်သမားဝန်ကြီးဌာနကရော မြန်မာသံရုံးအလုပ်သမားသံအရာရှိတွေဘက်ကရော သေချာတိကျတဲ့အဖြေတစ်ခု ဒီရက်ပိုင်းမှာ တင်ပြသင့်တာတွေ တင်ပြပြီး စိတ်ပူနေကြတဲ့ အလုပ်သမားတွေအတွက် သတင်းထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့ပြောချင်ပါတယ်။”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံဘက်ကတော့ မြန်မာအလုပ်သမားတွေကို ပြန်အဝင်မခံတာမျိုးမဟုတ်ပေမဲ့ ပြန်ဝင်မယ်ဆိုရင်လုပ်ရမယ့်လုပ်ငန်းစဉ်က ရှုပ်ထွေးနေသလို ကုန်ကျစရိတ်ပိုင်းမှာလည်း အခက်အခဲတွေရှိနေတယ်လို့ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာအလုပ်သမားသံအရာရှိကလည်း DVB debate အစီအစဉ်မှာ ရှင်းပြပါတယ်။

ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာအလုပ်သမားသံအရာရှိ ဦးမျိုးမြင့်နိုင်က “အခုက ထိုင်းနိုင်ငံထဲကို ဝင်မယ်ဆိုရင် သက်ဆိုင်ရာနိုင်ငံမှာ ရှိတဲ့ ထိုင်းသံရုံးမှာ ၇၂ နာရီအတွက် ကိုဗစ်ကင်းရှင်းကြောင်းစစ်ချက်နဲ့ အတူဝင်ခွင့်လျောက်ထားရတယ်။ အဲ့တာရပြီဆိုရင် ထိုင်းကို လာမယ်ဆိုရင် လေယာဉ်နဲ့ဆိုရင် အပူချိန်တိုင်းတာတွေဘာတွေလုပ်တယ်။ ဝင်ခွင့်စစ်ဆေးတယ်။ ပြီးရင် လွန်ခဲ့တဲ့ ၁၄ ရက်အတွင်းသွားလာခဲ့တဲ့ နေရာတွေခရီးသွားရာဇဝင်စစ်တယ်။ ပြီးတဲ့အခါမှာ ဖုန်းထဲကို Tracking ပေါ့နော်။ ထိုင်းနိုင်ငံထဲကို ဘယ်လိုသွားမလဲ ဘယ်လိုလာမလဲဆိုတာ တွေစစ်တယ်။ ပြီးရင် အရေးကြီးတာက Quarantine ကိုသက်ဆိုင်ရာနယ်မြေမှာရှိတဲ့ဟိုတယ်မှာ ၁၄ ရက်ဝင်ရတယ်။ အလုပ်သမားဆိုရင် Border gate ကပဲလာလာ ဘယ်သူကသွားကြိုမယ် ဘယ်လိုသွားမယ်ဆိုတာလုပ်ရတယ်။ မဲဆောက်ကနေဆို ဘန်ကောက်အထိကားနဲ့ သွားမယ်ဆိုရင် ကားကို လမ်းမှာလုံး၀မရပ်ရဘူး။ ပြီးတော့လမ်းတလျောက် Video recording ထားရတယ်။ အဲ့တာတွေအကုန်ပြန်တင်ပြရတယ်။ ဘန်ကောက်ရောက်ပြီဆိုရင်လည်း Quarantine ဝင်ပြီဆိုရင် ပထမ ၃ ရက်ကနေ ၅ ရက်အတွင်းတစ်ကြိမ်စစ်တယ်၊ နောက်တစ်ကြိမ် ၁၀ ရက်ကနေ ၁၄ ရက်အတွင်း တစ်ကြိမ်ထပ်စစ်ပါတယ်။ ပြီးတော့ မှ Pass ဖြစ်ပြီဆိုမှခွင့်ပြုတာပါ။”လို့ DVB debate မှာ ပြောပြပါတယ်။

ကမ္ဘာဘဏ်ရဲ့ ခန့်တွက်ချက်မှု အရဆိုရင်တော့ မြန်မာနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သား အရေအတွက်  ၅ သန်းလောက်ရှိနေပြီး ထိုင်းမှာ ၃ သန်းလောက်ရှိကြတယ်လို့ ဆိုပါတယ်။ 

ကမ္ဘာဘဏ်ရဲ့အဆိုအရ ၂၀၁၈ ခုနှစ်မှာ ပြည်ပကို ရွှေ့ပြောင်းသွားလာလုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေဆီက ပြန်ပို့တဲ့ငွေက အမေရိကန်ဒေါ်လာ  ၂ ဒသမ ၈ ဘီလီယံ လောက်ရှိခဲ့ပါတယ်။ 

IOM ရဲ့ခန်းမှန်းချက်အရဆိုရင်တော့ ၂၀၁၅ ခုနှစ်မှာအမေရိကန်ဒေါ်လာ  ၁၁၈ သန်း လောက်ရှိခဲ့ရာ ကနေ ၂၀၁၈ ခုနှစ်မှာ ၈ ဘီလီယံ လောက်အထိ ရှိလာခဲ့တယ်လို့လည်းသိရပါတယ်။ အဲဒီပမာဏဟာ အဲဒီနှစ် ဂျီဒီပီရဲ့ ၁၁ ရာခိုင်နှုန်း လောက်အထိ ရှိခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၈-၂၀၁၉  ဘဏ္ဍာရေးနှစ်ရဲ့လိုငွေက ကျပ် ၃၂၀၀ ဘီလီယံ ကျော်ရှိခဲ့ရာကနေ ၂၀၁၉ - ၂၀၂၀ ရဲ့ ပြုပြင်ပြီး ခန့်မှန်းချေငွေစာရင်းမှာ  လိုငွေက ကျပ် ၆၄၉၀ ဘီလီယံကျော် အထိရှိခဲ့ပါတယ်။ 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာတော့ လိုငွေ ကျပ် ၆၅၅၀ ဘီလီယံ ကျော်လောက်အထိ  ရှိလာမယ်လို့ခန့် မှန်းတွက်ချက်ထားပါတယ်။ ၂၀၂၀-၂၀၂၁  ယခုနှစ်ပြည်ထောင်စုရဲ့ ရငွေခန့်မှန်းချက်က ကျပ် ၂၇၄၇၀ ဘီလီယံ ဖြစ်ပါတယ်။

တိုင်းပြည်မှာ စီးပွားရေးကျဆင်းမှုနဲ့အတူ ကိုဗစ်ရောဂါကပ်ဘေးထဲမှာကျ ရောက်နေတဲ့ အနေအထားတွေကြောင့် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေကျဆင်း လာသလို ပြည်ပကနေအလုပ်လက်မဲ့ဖြစ်ပြီး ပြန်လာတဲ့ သူတွေအတွက် ဘယ်လို ဖြေရှင်းမလဲဆို တာကလည်း နောက်ထပ်စိန်ခေါ်မှု တစ်ခုဖြစ်လာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013