DVB Logo
Home
မြန်မာသတင်း
နိုင်ငံသားများ၏ လူ့အခွင့်အရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး ပူးပေါင်းဆောင်ရွက်ရန် သမ္မတ တိုက်တွန်း 
DVB
·
December 10, 2020
နိုင်ငံသားများ၏ လူ့အခွင့်အရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး ပူးပေါင်းဆောင်ရွက်ရန် သမ္မတ တိုက်တွန်း 
Donate to DVB

နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးအခြေအနေ  ပိုမိုတိုးတက်ကောင်းမွန် လာစေရေးအတွက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြဖို့  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းပြောကြားလိုက် ပါတယ်။ 

ဒီနေ့ ဒီဇင်ဘာလ    ၁၀   ရက် မှာကျရောက်တဲ့  (၇၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့  ပေးပို့တဲ့  သဝဏ်လွှာမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကပြောသွားတာပါ။ 

“(၇၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်း အမှတ်ဖြစ်တဲ့ “Recover Better-Stand Up for Human Rights” ဆောင်ပုဒ် နှင့်အညီ  နိုင်ငံသားများ၏  လူ့အခွင့်အရေးအခြေအနေ  ပိုမိုတိုးတက်ကောင်းမွန် လာစေရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ပြည်သူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ သတင်းမီဒီယာ အဖွဲ့ အစည်းများအနေဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြပါရန် အလေးအနက်တိုက်တွန်းလျက် သဝဏ်လွှာပေးပို့ပါသည်။” လို့ သမ္မတက ပြောပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့  လူ့အခွင့်အရေးကို   လေးစားလိုက်နာတဲ့ လူ့အသိုက်အဝန်းတစ်ရပ် ဖြစ်ထွန်းလာစေရေးအတွက် သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း သမ္မတက ပြောပါတယ်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးနဲ့ တာဝန်တွေကို ပြဋ္ဌာန်းထား သကဲ့သို့  အပြည်ပြည်ဆိုင်ရာ   လူ့အခွင့်အရေးသဘောတူစာချုပ်တွေပါ အခွင့်အရေးတွေကို   ရရှိခံစားနိုင်ဖို့အတွက်  ပြည်တွင်း ဥပဒေတွေမှာလည်း ပြဋ္ဌာန်း ကျင့်သုံးနေကြောင်း ဒီလိုလူ့အခွင့်အရေးကို ကျင့်သုံးရာမှာ တခြားသူတွေရဲ့ အခွင့်အရေးကိုလည်း  လေးစားတန်ဖိုးထားပြီး  ထိခိုက် နစ်နာမှုမရှိစေဖို့ အထူးဂရုပြုကြရမယ်လို့ သမ္မတက ပြောပါတယ်။

ခုခတ်မှာ ဒီမိုကရေစီနဲ့  လူ့အခွင့် အရေးဟာ ရှေ့တန်းသို့ရောက်ရှိလာပြီး  လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့  တရားဥပဒေစိုးမိုးရေးတို့သည် အပြန်အလှန် ချိတ်ဆက်နေကြောင်း၊ နိုင်ငံတော်က တည်ဆောက်နေတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့လည်း  ဆက်စပ်နေကြောင်း၊ လူ့အခွင့် အရေးကို အလေးမထားမျက်ကွယ်ပြုတာဟာ ဒီမိုကရေစီရေး၊ တရားဥပဒေ စိုးမိုးရေးကို လျစ်လျူရှုတာဖြစ်ကြောင်းနဲ့ လူ့အခွင့်အရေးအသိပညာတွေ ပြည်သူလူထုအတွင်း ပြန့်ပွားစေရေးသည်  အလွန်တရာအရေးကြီးတဲ့အကြောင် သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး  ကြိုးပမ်းဆောင်ရွက်ရာမှာ ပြည်သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးတွေ ထိခိုက် မှုမဖြစ်စေရေးကိုလည်း  တတ်နိုင်သမျှ  ထည့်သွင်းစဉ်းစားပြီး အစီအမံတွေ ချမှတ်ဆောင်ရွက်နေတယ်လို့ သမ္မတက ပြောပါတယ်။

ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း    ထုတ်ပြန်ကြေညာခဲ့တဲ့  ဒီဇင်ဘာလ  ၁၀  ရက်နေ့ကို  ကုလသမဂ္ဂက  အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့လို့ ဂုဏ်ပြုသတ်မှတ်ပြီး အခမ်းအနားတွေကို ကမ္ဘာတဝန်း  နှစ်စဉ်ကျင်းပလေ့ ရှိတာဖြစ်ပါတယ်။  

ဓာတ်ပုံ- သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013