DVB Logo
Home
မြန်မာသတင်း
နမ္မတူမြို့နယ်တွင် တိုက်ပွဲ‌ကြောင့် ရွာသား ၂၀၀ ခန့် ဘေးလွတ်ရာ ထွက်ပြေးခိုလှုံ
DVB
·
December 9, 2020
နမ္မတူမြို့နယ်တွင် တိုက်ပွဲ‌ကြောင့် ရွာသား ၂၀၀ ခန့် ဘေးလွတ်ရာ ထွက်ပြေးခိုလှုံ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ နားကျဲကျေးရွာအနီးမှာ  RCSS/SSA တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်ခဲ့တာကြောင့် ဒေသခံရွာသား ၂၀၀ လောက် မန်စံဘုန်းကြီးကျောင်းကို ခိုလှုံဖို့ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းမှာ ရောက်ရှိနေကြပါတယ်။

ဒီဇင်ဘာ ၉ ရက် မနက် ၈ နာရီခွဲလောက်က စတင်ပြီး TNLA တပ်ဖွဲ့နဲ့အတူ SSPP/SAA ပူးပေါင်းပါဝင်လာတဲ့ တပ်ဖွဲ့တွေဟာ သူတို့တပ်စခန်းရှိရာဘက်ကို တိုက်ခိုက်လာတာကြောင့် အပြန်အလှန် ပစ်ခတ်မှု‌တွေ ၁ နာရီလောက် ဖြစ်ပွားခဲ့ပြီး လက်ရှိမှာ သူတို့ဆုတ်သွားပြီ ဖြစ်တာကြောင့် ငြိမ်သက်သွားပါပြီလို့ RCSS ဘက်က ပြောပါတယ်။ 

နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး က“နမ္မတူမြို့နယ် နားကျဲ၊ နားကျိုင်း၊ ကွန်ကျောင်းနဲ့ ပိန်းလုံရွာခံ ၂၀၀ ဦးခန့်ဟာ မန်စံကျေးရွာ‌ မြောက်ပိုင်းရှိ ဘုန်းကြီးကျောင်းတိုက်ကို ရောက်ရှိခိုလှုံနေကြရလို့ နေရာထိုင်ခင်းနဲ့ စားရေး သောက်‌ရေးတွေကို စီစဉ်ပေးနေပါတယ်” လို့  ပြောပါတယ်။ 

TNLA နဲ့ SSPP တပ်ဖွဲ့တွေဟာ နားကျဲဘုန်းကြီးကျောင်းကို အကာအကွယ်ယူပြီး ပစ်ခတ်တာကြောင့် ရှမ်းပြည်သူလူထုတွေအကြား ဝေဖန်မှုတွေ ရှိနေပါတယ်။ 

ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး TNLA နဲ့ SSPP/SSA တပ်ဖွဲ့တွေဘက်ကိုတော့ မေးမြန်းလို့ မရသေးပါဘူး။

ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ (RCSS/SSA)ဟာ အစိုးရနဲ့ အန်စီအေ အပစ်ရပ်လက်မှတ်ထားတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့  ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA) အဖွဲ့ကတော့ အန်စီအေ အပစ်ရပ်လက်မှတ်မထိုးရသေးပါဘူး။  

သတင်း - နန်းစံပယ်၊ ဓာတ်ပုံ - စိုင်းဟန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013