DVB Logo
Home
မြန်မာသတင်း
တရုတ်ကပိတ်ထားသဖြင့် မူဆယ်ကျွဲနွားစခန်း၌ နွားအကောင်ရေ ၂၀,၀၀၀ ခန့် သောင်တင်နေ
DVB
·
December 8, 2020
တရုတ်ကပိတ်ထားသဖြင့် မူဆယ်ကျွဲနွားစခန်း၌ နွားအကောင်ရေ ၂၀,၀၀၀ ခန့် သောင်တင်နေ
Donate to DVB

တရုတ်နိုင်ငံက ကိုဗစ်ကာလမှာ ၀ယ်လက် ပိတ်ထားတဲ့ အပြင် နိုဝင်ဘာ ၁၈ ရက်နေ့မှာ နယ်စပ်ကနေအပြီးထွက်ခွာသွားဖို့  မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနချုပ်ရဲ့ နှုတ်မိန့်ကြောင့် မူဆယ် ကျွဲနွား စခန်းမှာ နွားအကောင်ရေ ၂၀,၀၀၀ လောက် အထိ ပိတ်မိနေတယ်လို့ ကျွဲနွား မွေးမြူရေးကုမ္ပဏီတွေက သိရပါတယ်။

ပခုက္ကူ  ကျွဲနွားသိုးဆိတ်တင်ပို့မှု  ကုမ္ပဏီ  ဒါရိုက်တာ ဦးသန်းထွန်းဦး က “တရုတ်ပြည်က ကိုဗစ် ကာလမှာသူတို့နိုင်ငံလည်း နယ်မြေဖြတ်သန်းခွင့်ပိတ်ထားတယ်။ သူတို့ဘက်က ကုန်သည် တွေကလည်း ကျနော်တို့နိုင်ငံအတွင်းကို လာရောက်ဝယ်ယူခြင်းမရှိတဲ့အတွက် စောစောက ကုမ္ပဏီ ပေါင်း ၂၀၀ ကျော်လောက်က မူဆယ်ကျွဲနွားစခန်းချတဲ့စခန်းမှာ ပိတ်မိနေပါတယ်။ အခုပြောနေတဲ့ ရက်ပိုင်းအတွင်းမှာဆိုလို့ရှိရင် မရောင်းရတဲ့ကုမ္ပဏီပေါင်း ၁၈၀ လောက် နွားအကောင်ရေ ၁၈,၀၀၀  လောက် မူဆယ်မှာ ပိတ်မိနေပါတယ်”လို့ ပြောပါတယ်။

၂၀၂၀ ဖေဖော်ဝါရီလကစပြီး ကျွဲနွားတင်ပို့မှု SOPအသစ်ကို ထုတ်ပြန်မှုနဲ့ ကုမ္ပဏီက ကျွဲနွားတွေကို ပို့ဆောင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအချိန်က ကုမ္ပဏီပေါင်း ၂၀၀၀ ကျော်အထိ စာရင်းသွင်းခဲ့ကြပြီး နိုဝင်ဘာလထဲမှာ မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနချုပ်က တရုတ်နိုင်ငံနဲ့ အစိုးရချင်း တင်ပို့နိုင်ဖို့ တောင်းဆိုမှု ကြောင့် မွေးမြူရေးစနစ် ထိန်းချုပ်ဇုန်လုပ်ငန်းကို စတင်ဆောက်ရွက်ပြီးမှ မူဆယ်ကနေ တဆင့် ရောင်းချခွင့်ပြုမယ်လို့ နှုတ်မိန့်နဲ့ ညွှန်ကြားလာခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း မွေးမြူရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ  ဦးသန်းထွန်းဦး က “တရုတ်ပြည်နဲ့ G to Gပေါ့ တင်ပို့နိုင်ဖို့အတွက်ကို တရုတ်ပြည်ကတောင်းဆိုတဲ့ မွေးမြူရေးစနစ် ထိန်းချုပ်ဇုန် လုပ်ငန်းကို စတင်ဆောင်ရွက်ဆိုပြီးတော့မှ ဒီဆက်လက်ဆောင်ရွက်နေတဲ့ကုမ္ပဏီတွေ အပြီးအပြတ် မူဆယ်နယ်စပ်ကတဆင့်တင်ပို့ ရောင်းချရမယ်ဆိုပြီးတော့မှ နှုတ်မိန့်နဲ့ ညွှန်ကြားရေးတစ်ခု လာပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က ၁၀ ရက် ၁၁လ ၂၀၂၀မှာ မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနက နေ ပြီးတော့မှ တိရိစ္ဆာန်သယ်ဆောင်ခွင့်ယူနောက်စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကို လိုင်စင်လုပ်ပြီးတော့မှ မူဆယ်ကိုကုမ္ပဏီပေါင်း ၂၀၀ ကျော် ကျနော်တို့က အကုန်လုံး ရောက်ရှိခဲ့ပါတယ်။ နိုဝင်ဘာ ၁၈ ရက်နေ့မှာ အပြီးနယ်စပ်ကို ကုန်သည်တွေ ထွက်ကြဖို့ မထွက်ပါက ပါမစ်သက်တမ်းကုန်တာနဲ့ ထွက်ခွာခွင့်မပြုတော့ဘူးဆိုတဲ့ ညွှန်ကြားမှုတွေကြောင့် အခုလို မူဆည် ကျွဲနွားစခန်းမှာ ပိတ်မိနေတဲ့နွားတွေ များပြားနေတာဖြစ်တယ်”လို့  ဆိုပါတယ်။

ကျွဲနွားတွေ မရောင်းရတာဟာလည်း နှစ်လကျော်ကြာမြင့်လာတဲ့အပြင် နွားအကောင်ရေ များစွာ ပိတ်မိနေတာကြောင့် အစာဖိုးကလည်း ပျမ်းမျှအားဖြင့် အကောင်၁၀၀ ကို  တစ်နေ့ ကျပ် ၄ သိန်းဖိုး၊ အကောင် ၁၀၀ အတွက် နှစ်လဆိုရင် အစာဖိုးတင် ကျပ် သိန်း ၂၄၀လောက်အထိ ကုန်ကျနေတယ်လို့ မွေးမြူရေးကုမ္ပဏီတွေက နေသိရပါတယ်။

သတင်း- ခင်ပြည့်စုံဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013