DVB Logo
Home
Lead Story
ရန်ကုန်တက္ကသိုလ်အမှတ်တရ တင်ဇာမော်သီဆိုသည့် “အင်းလျားရှိနေသမျှ”သီချင်းထွက်ရှိ(ရုပ်သံ)
DVB
·
December 8, 2020
ရန်ကုန်တက္ကသိုလ်အမှတ်တရ တင်ဇာမော်သီဆိုသည့် “အင်းလျားရှိနေသမျှ”သီချင်းထွက်ရှိ(ရုပ်သံ)
Donate to DVB

“ပန်းချီကားလေးတချပ်လို… လှပတဲ့ရှုခင်းချစ်စရာ… အဆောင်ရှေ့ရဲ့မျက်နှာစာ … အင်းလျားရဲ့ကန်ရေပြင်ပါ… လေညှင်းလေးတိုက်လာ… ပန်းရနံနဲ့စိတ်နှလုံးလန်းစွာ … စိန်ပန်းနဲ့ကံ့ကော်… သစ်ပုတ်နဲ့ရေတမာ… အဓိပတိလမ်းနဲ့စာသင်ခန်း… အမှတ် တရရှိတဲ့ခုံတန်း… ကျောင်းဝန်းတဝိုက်က ခြေရာလေးတွေပါ”

ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာခဲ့တဲ့ ရန်ကုန်တက္ကသိုလ်အမှတ်တရ သီချင်းတပုဒ်ဖြစ်တဲ့ “အင်းလျားရှိနေသမျှ” သီချင်းထဲက တေးသွားစာသားတွေ ဖြစ်ပါ တယ်။

ဒီသီချင်းကိုတော့ တေးရေး ဂီတမှူးမြတ်မင်းက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး Overdrive တေးဂီတအဖွဲ့ရဲ့ တီးခတ်မှုနဲ့အတူ နာမည်ကြီး တေးသံရှင် တင်ဇာမော်က သီ ဆိုပေးထားခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော် တင်ဇာမော်ဟာ ၁၉၉၃ ခုနှစ်မှာ ကျင်းပတဲ့ ဦးစောနုသီချင်းဆိုပြိုင်ပွဲကနေတဆင့် ပထမဆုရရှိခဲ့ပြီး ဂီတလောကထဲကို ရောက်ရှိလာခဲ့တာပါ။

၁၉၉၅ ခုနှစ်မှာတော့ ‘စွဲလန်းမှုပြဿနာ’တကိုယ်တော်တေးအယ်လ်ဘမ် ထွက်ရှိခဲ့ပြီး အဲဒီ နောက်အချိန် ၂ နှစ်အကြာ ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘ကြင်နာသူနှစ်ဦး ဆုံနိုင်ရင်’ကတော့ သူ့ကို တင်ဇာမော်လို့ သိသွားစေခဲ့တဲ့ တေးအယ်လ်ဘမ်ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ၁၉၉၉ ခုနှစ်မှာတော့ ‘အချစ်ကျောင်းသူ’၊ ထွန်းအိန္ဒြာဗို၊ မဒီတို့နဲ့ အတွဲ ခွေအဖြစ် ထွက်ရှိခဲ့တဲ့ ‘သုံးယောက်စကား’၊ ထွန်းအိန္ဒြာဗိုနဲ့ ၂ ယောက်တွဲ ထွက်ရှိခဲ့တဲ့ ‘မျက်စိမှိတ်ပြီး ချစ်လိုက်ပါ’စတဲ့ တေးအယ်လ်ဘမ်တွေဟာလည်း ထင်ရှားပါတယ်။

အဲဒီနောက်မှာတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘တင်ဇာမော်ရဲ့ တင်ဇာမော်’၊ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘ကြယ်စင်လိုအချစ်များ’၊ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘တင် ဇာမော်ရဲ့ တင်ဇာမော် ၂’စတဲ့ တေးအယ်လ်ဘမ်တွေ ထွက်ရှိခဲ့ပြီးနောက်မှာ ဂီတလောက ကနေ နှစ်အတန်ကြာ ပျောက်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာတော့ ‘ကိုယ့်မွေးနေ့’အမည်နဲ့ တကိုယ်တော်တေးဂီတဖျော် ဖြေပွဲနဲ့ အတူ တကျော့ပြန်ဝင်ရောက်လာခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ တကျော့ပြန်တင်ဇာမော်ကို ပရိသတ်တွေ အသိအမှတ်ပြု ကြရတဲ့ ‘Seven’ဆိုတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်နဲ့အတူ တေးဂီတဆုတွေ ရရှိခဲ့ပါ တယ်။

၂၀၁၇ ခုနှစ်မှာပဲ Myanmar Idol Season 2 ရဲ့ ဒိုင်တဦးအဖြစ်ပါဝင်ခဲ့ကာ ပြီးခဲ့တဲ့ Season 4 မှာလည်း အောင်ကိုလတ်၊ ဖြူဖြူကျော်သိန်းတို့နဲ့အတူ ဒိုင်တဦးအနေနဲ့ ပါဝင်တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

“ကြည်နူးခြင်းများရယ်… အဆွေးများလည်း ကန်အင်းလျားမှာ… ဆုံစည်းခဲ့ကြရာ လမ်းခွဲကြ ဒီနေရာ… ပြန်စဉ်းစားလိုက်ရင်… အင်းလျားတဝိုက် မြင်ကွင်းများစွာ… အ ဆောင်ရှေ့ကတေးသံ… လွမ်းမောရင်း သန်းကောင်ယံညများ… အင်းလျားသိတဲ့ ဇာတ် လမ်း… အင်းလျားသိတဲ့ မှတ်တမ်း… အင်းလျားသိတဲ့ပုံပြင်လေးတွေပါ”

ခုအသစ်ထွက်ရှိလာတဲ့ “အင်းလျားရှိနေသမျှ”သီချင်းထဲမှာလည်း တင်ဇာမော်ရဲ့ လတ်ဆတ်နေဆဲ သီဆိုဟန်နဲ့အတူ ပရိသတ်တွေက ခံစားနားဆင်နိုင်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013