DVB Logo
Home
Lead Story
အဆိုတော် ဂျက်မြသောင်း တကိုယ်တော်အွန်လိုင်းဂီတဖျော်ဖြေပွဲ အခမဲ့ကြည့်ရှုနိုင်(ရုပ်သံ)
DVB
·
December 8, 2020
အဆိုတော် ဂျက်မြသောင်း တကိုယ်တော်အွန်လိုင်းဂီတဖျော်ဖြေပွဲ အခမဲ့ကြည့်ရှုနိုင်(ရုပ်သံ)
Donate to DVB

ဝါရင့်နာမည်ကြီးအဆိုတော် ဂျက်မြသောင်းရဲ့ တကိုယ်တော်အွန်လိုင်းဂီတဖျော်ဖြေပွဲကို လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

“အသက်ရှူနေသမျှ ချစ်ပါရစေ”လို့ အမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲမှာတော့ 747 Music Band ရဲ့ ပံ့ပိုးတီးခတ်မှုနဲ့အတူ ဂျက်မြသောင်းရဲ့ တခေတ်တခါက ရေပန်းစားသီ ချင်းတွေကို ပရိသတ်တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

“ကျနော့်သီချင်းကြောင့်… ပရိသတ်တွေရဲ့ရင်ထဲ… ကြည်နူးခြင်းတစုံတရာ ရရှိ သွားမယ်ဆိုရင်… ကျနော့်လောက် ​ပျော်ရွှင်နေမယ့်သူ… ဒီလောကကြီးထဲမှာ ရှိနိုင်ပါဦးမ လား… အကောင်းဆုံးပေးချင်တဲ့ ဆန္ဒတခုက… ကျနော့်ကို ပိုမို စိတ်လှုပ်ရှားစေတယ်”

ဂျက်မြသောင်းလို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက ထူးခြားတဲ့ ပုံစံတမျိုးနဲ့ သူ့ရဲ့ သီချင်းတွေကို တွဲဖက်ပြီးတော့ မှတ်မိကြမှာဖြစ်ပြီး ခုဖျော်ဖြေပွဲမှာတော့ ထင်ရှားတဲ့ သူ့ရဲ့ သီချင်းတွေဖြစ်တဲ့ “တကယ်ပြောတာပါ”၊ “ဝေးများဝေးရင်”၊ “ပြန်လာပါတော့”၊ “တောင်း ဆု”၊ “နှလုံးသွေးများရပ်တန့်သွားပါစေချစ်နေမယ်”စတဲ့ သီချင်းတွေအပါအဝင် သီချင်းပုဒ် ရေ ၁၉ ပုဒ်ဖျော်ဖြေသွားဖို့ ရှိနေတာပါ။

လတ်တလောမှာတော့ ဒီပွဲအတွက် သီချင်းတိုက်တာတွေ ပြင်ဆင်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက် ည ၇ နာရီမှာ စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဒီရှိုးပွဲကိုတော့ Channel 9 ရုပ်သံလိုင်းကနေ ထုတ်လွှင့်သွားမှာဖြစ်သလို ဖော်ပြပါ MMN ၊ Mandalay Hillside Resort & Villas ၊ Mytel Myanmar ၊ Channel 9 နဲ့ Shwe FM ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွေကလည်း ဝင်ရောက်ကြည့်ရှုနိုင်မယ်လို့ ကြေငြာ ထားပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013