DVB Logo
Home
မြန်မာသတင်း
ဖျာပုံမြို့ နေရာအနှံ့တွင် Mask Box များ ချထား
DVB
·
December 7, 2020
ဖျာပုံမြို့ နေရာအနှံ့တွင် Mask Box များ ချထား
1 / 2
Donate to DVB

ကိုဗစ် ၁၉ ရောဂါကွယ်နိုင်ရေးအတွက် အပြင်ထွက်ပါက Mask တပ်ဆင်စေဖို့ ရည်ရွယ်ပြီး သန့်စင်သောလက်များ (ဖျာပုံ) ပရဟိတအသင်းက ဖျာပုံမြို့ရဲ့ လူစည်ကားရာ နေရာတွေ၊ စျေး၊ လမ်းစုတွေမှာ ပြည်သူတွေ Mask အခမဲ့ယူနိုင်ဖို့ Mask Box တွေ လိုက်လံချထားပေးနေပါတယ်။

ဒီဇင်လ ၆ ရက်နေ့ကစတင်ပြီး ဖျာပုံမြို့ပေါ်မှာ Mask စင် ၃၀ နဲ့ ရပ်ကွက်ထဲမှာ Mask Box တွေ နေ့စဉ်ထားပေးသွားမယ်လို့ သန့်စင်သော လက်များ ပရဟိတအသင်း ဦးဥက္ကာကျော်က ပြောပါတယ်။

  သန့်စင်သောလက်များ ပရဟိတအသင်းလေးကို ကိုဗစ်ကာလမှာ လူငယ်တွေနဲ့ စတင်ဖွဲ့စည်းပြီး ပြည်သူတွေအတွက် လိုအပ်တဲ့ ပရဟိတလုပ်ငန်းမှာ ပူးပေါင်းကူညီ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကျော်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013