DVB Logo
Home
Lead Story
သရုပ်ဆောင် ဖွေးဖွေး Asia Special Award ဆု ချီးမြှင့်ခံရ(ဓာတ်ပုံ/ရုပ်သံ)
DVB
·
December 7, 2020
သရုပ်ဆောင် ဖွေးဖွေး Asia Special Award ဆု ချီးမြှင့်ခံရ(ဓာတ်ပုံ/ရုပ်သံ)
1 / 6
Donate to DVB

ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီးတလက်ဖြစ်တဲ့ ဖွေးဖွေးဟာ ကိုရီးယား နိုင်ငံမှာ ကျင်းပတဲ့ ၂၀၂၀ ပြည့်နှစ် Asia Model Awards ဆုပေးပွဲမှာ Asia Special Award ဆုချီးမြှင့်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဖွေးဖွေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်စာမျက်နှာပေါ်ကတဆင့် ပရိသတ်တွေကို အသိပေးမျှဝေထားခဲ့တာကို တွေ့ရပါတယ်။

“Darlings ​တွေ Oopsies ​တွေ ​မျှော်​နေမယ်ဆိုတာ သိလို့… 2020 Covid-19 ကာ လဖြစ်လို့ ဒုက္ခတွေထဲက ​ပျော်စရာ ​တောက်​တောက်ပပ လေးတခု ဖြစ်လာခဲ့တယ်ပေါ့ရှင် … မြန်မာ့ရုပ်ရှင်မှ ချီးမြှင့်တဲ့ အကယ်ဒမီ ၃ ဆုပြီးရင်… This "Asia Special Award" is my very 1st award i ever achieved from Abroad… Thanks heaps to Asia Model Festival Organizing Commitee Chairman Mr. Yang Eui Sig & ​JBJ Entertainment ကို​လည်း ​ကျေးဇူးတင်ပါတယ်ရှင့်”

အသက် ၃၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဖွေးဖွေးဟာ ၂၀၀၇ ခုနှစ်လောက်ကတည်းက အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့သူဖြစ်ကာ လက်ရှိအချိန်မှာတော့ လက်ပံ၊ ကျမက နှင်းဆီပါမောင်၊ ရွှေကြာစတဲ့ ရုပ်ရှင်ကားကြီးတွေနဲ့ သရုပ်ဆောင် အကယ်ဒမီဆု ၃ ကြိမ် ဆွတ်ခူးရရှိခဲ့ပြီးပြီဖြစ်ပါတယ်။

Asia Special Award ဆုပေးပွဲအခမ်းအနားကိုတော့ ကိုရီးယားနိုင်ငံမှာ နှစ်စဉ် ကျင်းပလေ့ရှိပြီး အာရှတလွှားက ဖက်ရှင်၊ မော်ဒယ်၊ အလှအပနဲ့ ထင်ရှားကျော်ကြားသူ တွေအပါအဝင် နာမည်ကြီးတွေ တက်ရောက်လေ့ရှိပါတယ်။

အခုနှစ်မှာတော့ ဒီပွဲကို ကျင်းပလာတာ ၁၅ ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ကာ လတ်တ လောဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ အန္တရာယ်ကြောင့် အွန်လိုင်းကတဆင့်သာ ကျင်းပခဲ့ရတာ ဖြစ်ပါတယ်။

ဒီပွဲမှာတော့ အာရှနိုင်ငံတွေက အောင်မြင်သူတွေကို ရွေးချယ်ပြီး ဆုချီးမြှင့်ပေးအပ်တဲ့ ပွဲတခုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013