DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတဝန်း၌ နိုင်ငံ ၁၄ ခု ကိုဗစ်-၁၉ သန်းချီကူးစက်ခံရ၊ မြန်မာတွင် ပိုးတွေ့လူနာ ၁ သိန်းခန့်ရှိလာ
DVB
·
December 7, 2020
ကမ္ဘာတဝန်း၌ နိုင်ငံ ၁၄ ခု ကိုဗစ်-၁၉ သန်းချီကူးစက်ခံရ၊ မြန်မာတွင် ပိုးတွေ့လူနာ ၁ သိန်းခန့်ရှိလာ
Donate to DVB

ဒီကနေ့မနက်ပိုင်းအထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၆၇ သန်းကျော်နဲ့ သေဆုံးသူအရေအတွက် တသန်းခွဲကျော်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

သန်းနဲ့ချီကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၁၄ နိုင်ငံထိ ရှိလာခဲ့ပြီဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း လက် ရှိအချိန်ထိ ပိုးတွေ့လူနာ ၁ သိန်းနီးပါး ရှိလာခဲ့တာ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၁၅ သန်းကျော်၊ သေဆုံးသူ ၂၈၈,၀၈၁ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၉ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၁၄၀,၅၉၀ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၆ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၁၇၆,၆၄၁ ယောက်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ် တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှားနိုင်ငံက ကူးစက်ခံရသူ ၂ ဒသမ ၄ သန်းကျော်နဲ့ သေဆုံးသူ ၄၃,၁၄၁ ယောက်၊ ပြင်သစ်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂ ဒသမ ၂ သန်းကျော်နဲ့ သေဆုံးသူ ၅၄,၉၈၁ ယောက်၊ ယူကေနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၇ သန်းကျော်နဲ့ သေဆုံးသူ ၆၁,၂၄၅ ယောက်၊ အီတလီနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၇ သန်းကျော်နဲ့ သေဆုံးသူ ၅၉,၅၁၄ ယောက်၊ စပိန်နိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၆ သန်းကျော်နဲ့ သေဆုံးသူ ၄၆,၂၅၂ ယောက်၊ အာဂျင်တီးနားနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၄ သန်းကျော်နဲ့ သေဆုံးသူ ၃၉,၆၃၂ ယောက်၊ ကိုလံဘီယာနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၃ သန်းကျော်နဲ့ သေဆုံးသူ ၃၇,၆၃၃ ယောက်၊ ဂျာမနီနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၁ သန်းကျော်နဲ့ သေဆုံးသူ ၁၉,၀၃၂ ယောက်၊ မက္ကဆီကိုနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၁ သန်းကျော်နဲ့ သေဆုံးသူ ၁ သိန်းကျော်၊ ပိုလန်နိုင်ငံက ကူးစက်ခံရသူ ၁ သန်း ကျော်နဲ့ သေဆုံးသူ ၂၀,၀၈၉ ယောက်စီနဲ့ ရပ်တည်နေပါတယ်။

       လတ်တလောမှာတော့ အီရန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအ တွက် ၁ သန်းကျော်လာခဲ့ပြီဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၁၄ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၈၆,၆၁၉ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူထပ်တိုးမလာဘဲ နိုင်ငံအလိုက် အမှတ်စဉ် ၇၆ နေရာထိ ကျဆင်းသွားခဲ့ပါ တယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယ နဲ့ အီရန်နိုင်ငံပြီးရင် တူရကီ၊ အင်ဒိုနီးရှားနဲ့ အီရတ်နိုင်ငံတွေက ကူးစက်ခံရသူ ဦးရေ ၈၂၈,၂၉၅ ယောက်၊ ၅၇၅,၇၉၆ ယောက်၊ ၅၆၄,၂၀၀ ယောက်စီနဲ့ အသီးသီး ရှိနေပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူဦးရေ ၄၇၇,၅၄၅ ယောက်နဲ့ သေဆုံးသူ ၆,၈၃၈ ယောက် ရှိနေတာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၄၃၉,၈၃၄ ယောက်နဲ့ သေဆုံးသူ ၈,၅၅၄ ယောက်နဲ့ ဒုတိယနေရာမှာ ရှိနေခဲ့ပါတယ်။

လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ ဒီဇင်ဘာ ၆ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၉၉,၁၅၅ ယောက်၊ သေဆုံးသူ ၂,၁၁၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၇,၆၃၆ ယောက်ရှိပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၇၂,၆၉၄ ယောက်နဲ့ သေဆုံးသူ ၃၈၂ ယောက် ရှိပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၈,၂၆၀ ယောက်နဲ့ ခုရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာပဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၄,၀၈၆ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ အယောက် ၆၀ ယောက် ရှိနေပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၃၆၆ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၅၁ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၃၄၆ ယောက်နဲ့  ၃၉ ယောက် အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

တကမ္ဘာလုံးအတိုင်းအတာနဲ့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ ပြီး သေဆုံးသူ အရေအတွက် ၁ သန်းခွဲကျော်ရှိနေပြီး ရောဂါပြန်လည် ပျောက်ကင်း လာ သူ အရေအတွက်ကတော့ ၄၆ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013