DVB Logo
Home
မြန်မာသတင်း
အုတ်ဖိုတွင် ဗုဒ္ဓကလျာနယုဝအသင်းဆိုင်းဘုတ်တင်ပွဲကို ဒေသခံ ၅၀ ကျော် ကန့်ကွက်
DVB
·
December 6, 2020
အုတ်ဖိုတွင် ဗုဒ္ဓကလျာနယုဝအသင်းဆိုင်းဘုတ်တင်ပွဲကို ဒေသခံ ၅၀ ကျော် ကန့်ကွက်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ချမ်းမြေ့သာမြေရပ်ကွက်၊ သန္တိသုခကျောင်းမှာ ဒီဇင်ဘာ ၅ ရက်နေ့က  ဗုဒ္ဓကလျာနယုဝအသင်း (YMBA) ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ရာမှာ ဒေသခံ ၅၀ ကျော်က လာရောက်ကန့်ကွက်ကြတာကြောင့် ပြန်လည်ဖြုတ်ချခဲ့ရတယ်လို့ သိရပါတယ်။

အုတ်ဖိုမြို့နယ်၊ ဗုဒ္ဓကလျာနယုဝအသင်းဥက္ကဋ္ဌ ဦးဝင်းကျော်က "ကျနော်တို့အသင်းရဲ့ ဆိုင်းဘုတ်တင်ပွဲလုပ်တာပါ။ ကျောင်းမှာပဲ ဆရာတော်ကို ခွင့်ပြုချက်တောင်းပြီး ကျနော်တို့မှာ ရုံးမရှိသေးတဲ့အတွက် ယာယီဆိုင်းဘုတ်အနေနဲ့ လုပ်တာ၊ ဆရာတော်ကလည်း ခွင့်ပြုပါတယ်။ အခမ်းအနားလည်း ပြီးလည်းပြီးရော လူ လေးငါးဆယ်လောက်က ကျောင်းအပြင်မှာ ရပ်ပြီး ဆိုင်းဘုတ်ကို ဖြုတ်ပေးပါ၊ လက်မခံဘူးဆိုတော့ ကျနော်တို့အဖွဲ့က သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်း၊ နိုင်ငံတော်က ခွင့်ပြုမိန့်ကျပြီးသားဖြစ်တဲ့အတွက်  တင်တာမှန်ပေမဲ့ သူတို့က လူစုလူဝေးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အသွင်ကို ဆောင်ပြီးလာတဲ့အတွက် ပြဿနာနည်း ရန်စဲဖြစ်အောင်၊ ခိုက်ရန်ဒေါသတွေ မဖြစ်အောင်၊ လူစုလူဝေးတွေ ကြီးမလာအောင် ​ဆိုင်းဘုတ်ကို ယာယီပြန်ပြီး ဖြုတ်ပေးခဲ့တာပါ" လို့ ပြောပါတယ်။

အုတ်ဖိုမြို့နယ်မှာ ဗုဒ္ဓကလျာနယုဝအသင်းအဖွဲ့ခွဲ အမှတ် (၂၁၂) နဲ့ ကော်မတီဖွဲ့ဖို့ တိုင်းအဖွဲ့ကို တင်ပြပြီး ခွင့်ပြုချက်ရတာကြောင့် မြို့နယ်သက်ဆိုင်ရာဌာနတွေကို အကြောင်းကြားကာ ဆိုင်းဘုတ်တင်ခဲ့တာလို့ ဆိုပါတယ်။

ကန့်ကွက်ရာမှာပါဝင်တဲ့ သန္တိသုခအသင်း၀ာာဝန်ရှိသူ တဦးဖြစ်တဲ့ မသူဇာညွန့်က "ဒီဘုန်ကြီးကျောင်းမှာ သန္တိသုခနာရေးကူညီမှုအသင်းရှိတယ်၊ ဘကကျောင်း ရှိတယ်၊ ဘုန်းကြီးကို ဒီအထဲမှာ ဒီဆိုင်းဘုတ်တင်မယ်လို့ လာပြောသွားတဲ့အချိန်မှာ အမတို့ သန္တိသုခအသင်း မသိဘူး၊ ရပ်ကွက်ကလည်း မသိဘူး၊ အုပ်ချုပ်ရေးမှူး မသိဘူး၊ ဂေါပကလည်း အကျိုးအကြောင်း ဘယ်သူမှ မသိဘူး။ ဘယ်သူမှ မသိဘဲ ဒါကို လုပ်သွားတဲ့အခါမှာ လက်မခံကြတာ။ အားလုံးကို အသိပေးပြီးမှ လုပ်တယ်၊ ကျေနပ်တယ်ဆိုရင် ဒါကို လက်ခံချင် လက်ခံကြမှာပေါ့၊ ညဘက်ကြီး လူမသိသူမသိ လာထောင်သွားတာ" လို့ ပြောပါတယ်။

ဗုဒ္ဓကလျာနယုဝအသင်းဟာ နိုင်ငံတော်အဆင့် အသင်းအဖွဲ့မှတ်ပုံတင်ပြီး ဖြစ်ပြီး တိုင်းဒေသကြီးအဖွဲ့အစီအစဥ်နဲ့ မြို့နယ်တိုင်းမှာ အသင်းဝင်တွေကို စည်းရုံးဖို့၊ ကော်မတီဖွဲ့ပြီး ဆိုင်းဘုတ်တင်ဖို့ ညွှန်ကြားချက်အရ အုတ်ဖိုမြို့နယ်မှာ ကော်မတီဖွဲ့ပြီးဖြစ်ကာ အသင်းဝင်ပေါင်း ၁၄၀ လောက်ရှိတယ်လို့ ဦးဝင်းကျော်က ပြောပါတယ်။

အသင်းဆိုင်းဘုတ်တင်နိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013