DVB Logo
Home
မြန်မာသတင်း
နှမ်းဈေးကျဆင်းနေသဖြင့် ဝက်လက်တောင်သူများ အခက်တွေ့
DVB
·
December 6, 2020
နှမ်းဈေးကျဆင်းနေသဖြင့် ဝက်လက်တောင်သူများ အခက်တွေ့
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်းက ဆောင်းနှမ်းစိုက်တောင်သူတွေဟာ အရင်နှစ်ကထက် နှမ်းဈေးတွေ အဆမတန်ကျဆင်းနေတာကြောင့် အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က နှမ်းနက်ပြာခေါ်(ဆင်းရတနာ ၃) နှမ်း ၁ တင်းကို အနိမ့်ဆုံး ၇ သောင်းကနေ အမြင့်ဆုံး ၉ သောင်းအထိ ရောင်းချကြရတာဖြစ်ပြီး အခုနှစ်မှာ ၁ တင်းကို ၅ သောင်းကျော်သာ‌ ရောင်းရတာဖြစ်လို့ မနှစ်ကနဲ့စာရင် နှမ်း (သုံးတင်းဝင်) ၁ အိတ်ကို ၆ သောင်းကျော်လောက်အထိ ကွာဟတယ်လို့ ဆားတောင်နီကျေးရွာနေ နှစ်စိုက်တောင်သူ ဦးရဲမြင့်ကပြောပါတယ်။

“မနှစ်က ဈေးနဲ့စာရင် နှမ်း ၁ အိတ်ကို ၆ သောင်းလောက်အထိ ကွာဟနေတာဖြစ်ပါတယ်။ နောက်ပြီးတော့ ကားလမ်းတွေကလည်း မသွားရမလာရဆိုတော့ ဝယ်လက်တွေလည်း နှေးလာတယ်။ ကျနော်တို့မှာ လုပ်အားခတွေရှင်းဖို့ အခက်အခဲတွေဖြစ်နေတယ်။”

ဝက်လက်မြို့နယ်အတွင်းက ရှိမ္မကား၊ သစ်ဆိမ့်၊ ဆားတောင်နီ အစရှိတဲ့ ဧရာဝတီမြစ်ရိုးဘေးက ကျေးရွာတွေဟာ မန္တလေးမြို့ပေါ်ကို ဈေးပိုရလို့ တိုက်ရိုက်တက်ရောင်းကြတာဖြစ်‌ပေမဲ့ မန္တလေးမှာ ကိုဗစ်-၁၉ ကူးစက်မှုများလာလို့ အသွားအလာကန့်သတ်လိုက်တာဖြစ်ပါတယ်။ 

ဝက်လက်မြို့ပေါ်က နှမ်းပွဲရုံတွေကတော့ ရောင်းဝယ်တာတွေပြုလုပ်နေပြီး ဒီဇင်ဘာ ၅ ရက်နေ့ညနေအထိ ၁ တင်းကို ၅၃၀၀၀ ဈေးရှိကာ ပွဲရုံအားလုံးပေါင်း နေ့စဉ် တင်းရေ ၃၀၀ ကနေ ၁၀၀၀ ကြား အရောင်းအဝယ်ပြုလုပ်နေကြတယ်လို့ နှမ်းအရောင်းအဝယ်ပြုလုပ်တဦးက ပြောပါတယ်။

အင်ကြင်းပင်ကျေးရွာက နှမ်းတောင်သူတဦးက “လုပ်အားခရှင်းဖို့၊ ဆိုင်ကယ်နဲ့လာရင်လည်း ဆီဖိုးပေးဖို့၊ ဝယ်ချက်ကျွေးဖို့ လာတဲ့အလုပ်သမားကို ခေါ်ပြီးခိုင်းတော့ အပြန်ကြ တခါတည်း ငွေ‌ကချေရတာ၊ မရှိပြန်တော့ ငွေတိုးယူပြီးချေရတာ” လို့  ပြောပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာ ဆောင်းနှမ်းဧက ၆ သောင်းကျော်စိုက်ထားပြီး ဆင်းရတနာ ၃ နှမ်းမျိုးနဲ့ ဆင်းရတနာ ၁၄ နှမ်းမျိုးတွေ အများဆုံးစိုက်ကြတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။

အောင်စံလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013