DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တက္ကသိုလ်သမဂ္ဂရင်ပြင်နီတွင် ကမ္ပည်းမှတ်တမ်း ဆောက်လုပ်
DVB
·
December 6, 2020
ရန်ကုန်တက္ကသိုလ်သမဂ္ဂရင်ပြင်နီတွင် ကမ္ပည်းမှတ်တမ်း ဆောက်လုပ်
Donate to DVB

ရန်ကုန်တက္ကသိုလ်ရာပြည့်နဲ့ ပထမကျောင်းသားသပိတ်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ဗိုလ်အောင်ကျော်ကျောက်တိုင်တည်ရှိတဲ့ သမဂ္ဂရင်ပြင်နီမှာ ရင်ပြင်နီဆိုတဲ့ဆိုင်းဘုတ်နဲ့ ကမ္ပည်းမှတ်တမ်း ဆောက်လုပ်နေတယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပြောပါတယ်။ 

နှစ်တစ်ရာအတွင်း ဖြတ်သန်းခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုအခန်းကဏ္ဍက ရာပြည့်ပွဲကြီးမှာ မှေးမှိန်ထိမ်ချန်ခံထားရတာကြောင့် သမဂ္ဂဘက်က တတ်နိုင်တဲ့အပိုင်းကနေ ပြန်လည်ဖော်ထုတ်ဖို့ ကြိုးစားတာလို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုညီဇော်ကပြောပါတယ်။ 

"ကျောင်းသားတွေ ဧည့်သည်တွေ ကျောင်းထဲလာကြတဲ့အခါ ဒီမြေကွက်လပ်ကြီးက ဘယ်လိုနေရာလဲဆိုတာ အများစုကမသိကြပါဘူး။ ဒါ့အပြင် တက္ကသိုလ်ရာပြည့်ကို ပျော်ပွဲရွှင်ပွဲတွေ အမျိုးမျိုးပြုလုပ်နေပေမဲ့ နှစ်တစ်ရာအတွင်း ဖြတ်သန်းခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုအခန်းကဏ္ဍကတော့ ရာပြည့်ပွဲကြီးမှာ မှေးမှိန်ထိမ်ချန်ခံထားရတာကြောင့် သမဂ္ဂဘက်က တတ်နိုင်တဲ့အပိုင်းကနေ ပြန်လည်ဖော်ထုတ်ဖို့ ကြိုးစားတာဖြစ်တယ်။”

ကျောင်းထဲမှာ ဒီလုပ်ငန်းမဖြစ်မြောက်အောင် ကျောင်းအာဏာပိုင်အဖွဲ့တွေက ညွှန်ကြားချက်တွေနဲ့မဟုတ်ဘဲ နောက်ကွယ်ကနေ ဖိအားပေးလာတာတွေရှိနေတာကြောင့် သမဂ္ဂအနေနဲ့ ဆောက်လုပ်ရေးအဖွဲ့နှစ်ဖွဲ့နဲ့လုပ်ရာမှာ ပျက်သွားရပြီး လက်ရှိမှာ တတိယအကြိမ်အသစ်ခေါ်ယူ ဆောက်လုပ်နေတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့ တတိယအကြိမ် ဆောက်လုပ်နေတာမှာ အခုထိ တုံ့ပြန်မှုမရှိလာသေးပေမဲ့ နောက်ထပ်ဖိအားပေးမှုတွေ ရှိလာရင်လည်း လုပ်ငန်းကို ရပ်တန့်သွားမှာမဟုတ်ဘဲ ဒီဇင်ဘာ ၉ ရက်နေ့ ပထမကျောင်းသားသပိတ် နှစ်တစ်ရာပြည့်နေ့အမီ အပြီးလုပ်သွားဖို့ လျာထားတယ်လို့ ဆိုပါတယ်။ 

နွေလှိုင်း(YU)  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013