DVB Logo
Home
မြန်မာသတင်း
Stay at Home မန္တလေးခရိုင်တွင် မြို့နယ်ဝင်ထွက်ခွင့်ပြုလုပ်ရာ၌ အခက်အခဲများရှိနေ (ဓာတ်ပုံ)
DVB
·
December 6, 2020
Stay at Home မန္တလေးခရိုင်တွင် မြို့နယ်ဝင်ထွက်ခွင့်ပြုလုပ်ရာ၌ အခက်အခဲများရှိနေ (ဓာတ်ပုံ)
1 / 17
Donate to DVB

မန္တလေးခရိုင်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်နှုန်းကို ထိန်းချုပ်ကာကွယ်ဖို့အတွက် ဒီဇင်ဘာ ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ Stay at Home နေထိုင်ကြဖို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အဆိုပါ ကြေညာချက်အရ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းက စတင်ကာ မြို့နယ်အဝင် အထွက် အသီးသီးမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက စျေးဝယ်ခွင့်ကတ်တွေ၊ နယ်မြေဖြတ်သန်းခွင့်ကတ်တွေကို စစ်ဆေးကာ မပါရှိပါက ဒဏ်ငွေ ၅၀၀၀ ကျပ် ကောက်ခံနေပါတယ်။

Stay at Home စတင်တဲ့ ဒီဇင်ဘာ ၅ ရက်နေ့က မန္တလေးမြို့ လမ်းမ အတော်များများမှာ လူသွား၊ လူလာ မရှိသလောက် နီးပါး နည်းပါးနေပေမယ့်  မြို့နယ်ဝင်ထွက်ခွင့်ပြုအတွက် လာရောက် လျှောက်ထားတဲ့ လုပ်ငန်းလုပ်ကိုင်သူတွေ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ပြည့်နှက်နေပါတယ်။

Photo - Kaung Zaw Hein / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013