DVB Logo
Home
မေးမြန်းခန်း
မြန်မာ-ဂျပန် စီးပွားရေး အကျိုးသက်ရောက်မှု – မေးမြန်းချက်
DVB
·
August 21, 2013
မြန်မာ-ဂျပန် စီးပွားရေး အကျိုးသက်ရောက်မှု – မေးမြန်းချက်
Donate to DVB

မြန်မာပြည်ရဲ့ တံခါးဖွင့်စီးပွားရေးမဟာဗျူဟာဆိုင်ရာအခွင့်အလန်းတွေအပေါ် ဂျပန်နိုင်ငံအနေနဲ့ ပြန်လည်စဉ်းစားဖို့ရှိတယ်လို့ ဂျပန်တိုင်းမ်သတင်းစာမှာ ရေးသားထားပါတယ်။

ဒီတော့ မြန်မာ- ဂျပန် စီးပွားရေးဆက်ဆံမှုအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်လဲဆိုတာနဲ့ ပတ်သက်ပြီးတော့ စီးပွားရေးဆိုင်ရာ သုတေသနပညာရှင်တဦးလည်းဖြစ်ပြီး အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက ဒုတိယ၀န်ကြီးဟောင်းဖြစ်တဲ့ ဒေါက်တာ ဆက်အောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။



[caption id="attachment_40566" align="alignright" width="300" caption="ဒေါက်တာ ဆက်အောင်"][/caption]

ဂျပန်တိုင်းမ်သတင်းစာမှာ သူတို့အနေနဲ့ မြန်မာနိုင်ငံက ဆက်သွယ်ရေးတင်ဒါ အပါအ၀င် လေဆိပ်အခြေခံ အဆောက်အအုံလုပ်ငန်းတွေကို မရလိုက်တာကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ စပ်လျဉ်းပြီး ပြန်လည်စဉ်းစားဖို့ရှိတယ်လို့ ရေးသားထားတဲ့အပေါ် ဘယ်လိုအမြင်ရှိပါသလဲ။


“ရင်းနှီးမြှုပ်နှံမှုကတော့ ချက်ချင်းလုပ်ချင်တဲ့ သူတွေရှိသလို၊ ချက်ချင်းလုပ်ဖို့အတွက် စွန့်စားရမှု (risk) တွေ များသေးတယ်လို့ ပြောတဲ့သူတွေလည်း ရှိတာပဲ။ ဒါကတော့ နေရာတိုင်းရှိနေတာပဲ။ ဥပမာ- ထိုင်းမှာဆိုရင် ထိုင်းကလူတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အရမ်းကို စိတ်အားထက်သန်နေကြတယ်ပေါ့။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ဒုတိယ၀န်ကြီးချုပ် ဒေါက်တာဆူရပ်ချိုင်က- အဲ့ဒါမှားတယ်။ မြန်မာနိုင်ငံမှာ အခုချိန် ချက်ချင်းဝင်သွားလို့ရှိရင် စွန့်စားရမှုတွေက အများကြီးရှိတယ်လို့ ပြောတယ်။ ဒါကလူတိုင်းပြောတာပဲ။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမယ့် သူတွေရဲ့စိတ်ပေါ်မှာပဲ မူတည်တယ်။ ဥပမာ-ဗီယက်နမ်နိုင်ငံမှာ အခုဆိုရင် ရင်းနှီးမြှုပ်နှံမှုက မြန်မာနိုင်ငံနဲ့ ယှဉ်လိုက်ရင် သူကမိုးပေါ်ရောက်နေပြီ။ ဒါပေမယ့် အခုအချိန်ထိ ရင်းနှီးမြုပ်နှံမှုကဏ္ဍမှာ ပြဿနာက ရှိနေတုန်းပဲ။ ဗီယက်နမ်မှာ ရင်းနှီးမြှုပ်နှံမှု စဖွင့်တဲ့ အချိန်တုန်းက သူ့ဆီမှာ အခြေခံအဆောက်အအုံက ကျနော်တို့လောက်တောင် မရှိဘူး။ နှစ်ဆသုံးဆလောက် ပိုဆိုးတယ်။ ဒါပေမယ့် အခြေအနေဆိုးလို့ စွန့်စားရမှုတွေများလို့ ရင်းနှီးမြှုပ်နှံမှု မလာဘူးဆိုတဲ့ နိုင်ငံ ဘယ်နိုင်ငံမှ မရှိဘူး။ စွန့်စားရမှုကတော့ ရှိတာပဲ။ ဒီစွန့်စားရမှုကို အသုံးပြုတတ်တဲ့သူမှာပဲ မူတည်တယ်။ ဒါကြောင့် ဒီစွန့်စားရမှုကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်တဲ့ သူတွေက လာပြီးလုပ်မယ်။ အသုံးမချတတ်တဲ့ သူတွေကမလာဘူး။ ဒါက နိုင်ငံတိုင်းမှာ ရှိတာပဲ။ ဒါကြောင့် သတင်းစာတခုမှာ လူတယောက်က မြန်မာနိုင်ငံမှာ စွန့်စားရမှုတွေက ရှိသေးတယ်။ ဒါကြောင့်မို့ ရင်းနှီးမြှုပ်နှံဖို့ မသင့်သေးဘူးလို့ ပြောရုံလောက်နဲ့တော့ ဒီကိစ္စကြီးက ဖြစ်သွားမှာ မဟုတ်ပါဘူး။ ဒါက မြန်မာနိုင်ငံတခုတည်း မဟုတ်ပါဘူး။ အခုအချိန်ထိ ဗီယက်နမ်ကော၊ ကမ္ဘောဒီးယားမှာကော ဒီကိစ္စက ဖြစ်နေတုန်းပါ။

ဆက်သွယ်ရေး တင်ဒါအပါအ၀င် ဟံသာဝတီလေဆိပ်တင်ဒါကိုလည်း မရလိုက်တဲ့အပေါ်မှာ သူတို့အနေနဲ့ စိတ်ခုသွားတဲ့ သဘောမျိုးလည်း တွေ့တော့ ဒီအပေါ် ဘာများပြောချင်ပါသလဲ။

အဲ့ဒါဆိုရင် ရေးတဲ့သူမှားတာပေါ့နော်။ ဘာလို့လဲဆိုတော့ အားလုံးက ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ပြီးတော့ နိုင်ငံတကာ တင်ဒါရွေးချယ်စိစစ်ရေး လုပ်ငန်းစဉ်နဲ့ လုပ်ထားတာလေ။ ဟံသာဝတီလေဆိပ်ကိုတော့ ကျနော် မပါလို့ သေသေချာချာမပြောနိုင်ဘူး။ ဒါပေမယ့် ဆက်သွယ်ရေးမှာတော့ ရှိသမျှ တင်ဒါမရလိုက်တဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေကတောင် ဒါကတော့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့အညီ လုပ် သွားတာ ဟုတ်ပါတယ်လို့ အကုန်းလုံးက ပြောကြတယ်။ ဒါကြောင့် နိုင်ငံတကာ စံသတ်မှတ်ချက်နဲ့အညီ လုပ်သွားတဲ့အပေါ်မှာ မရလိုက်တာကြောင့် မြန်မာ-ဂျပန်ဆက်ဆံမှုကိုလည်း ဘာမှပြသနာ ဖြစ်စရာ အကြောင်းမရှိဘူး။”

ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုက ဘယ်လိုအခြေအနေ ရှိလာနိုင်မလဲ။

“ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု အများကြီး တိုးတက်နေပါတယ်။ ဗီယက်နမ်နိုင်ငံမှာလည်း မြန်မာနိုင်ငံလိုပဲ အလားတူ ဂျပန်ရဲ့ရင်းနှီးမြှုပ်မှုတွေ အများကြီး လာသွားတာပါ။ အမေရိကန်နဲ့ဥရောပကလည်း ၀င်လာတာတော့ ရှိပါတယ်။ ဒါပေမယ့် နည်းတယ်။ ဒါတောင် ဂျပန်က ၀င်လာတာတောင် နှေးတယ်။ ကျနော်တို့က အားမလိုအားမရ ဖြစ်နေတာ။ ဒါပေမယ့် တခြားနိုင်ငံတွေနဲ့ယှဉ်လိုက်လို့ရှိရင် ပိုပြီးတော့ မြန်ဆန်တဲ့သဘောမှာ ရှိပါတယ်။ ပြီးတော့ ဂျပန်က ၀င်လာလို့ရှိရင် အခြေခံအဆောက်အအုံအတွက် အထောက်အကူတွေကလည်း အများကြီးပေးတယ်လေ။

“အခြေခံအဆောက်အအုံတွေထဲမှာဆိုရင်လည်း ငွေကြေးပိုင်းဆိုင်ရာ အထောက်အကူတွေအပြင် မူဝါဒပိုင်းဆိုင်ရာ အကူအညီတွေလည်း အများကြီးပေးပါတယ်။ အဲ့ဒါတွေ အကုန်ပေးပြီးတော့ အဆင်ပြေလာတဲ့အချိန်ကျတော့မှ ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍအပေါ် ဥရောပနိုင်ငံတွေကပိုပြီးတော့ စိတ်ဝင်စားမှု ရှိလာတာပေါ့နော်။ ဒါကြောင့် ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး သွားမယ့်လမ်းကြောင်းက ဗီယက်နမ်နိုင်ငံလိုပဲ ဖြစ်မယ်လို့ ကျနော် ထင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013