DVB Logo
Home
မြန်မာသတင်း
ကြိုတင်မဲထည့်ရန်စာအိတ် သိန်း ၁၃၀ ကျော်အတွက် ကျပ်သိန်း ၂,၅၀၀ ခန့် သုံးစွဲခဲ့
DVB
·
December 5, 2020
ကြိုတင်မဲထည့်ရန်စာအိတ် သိန်း ၁၃၀ ကျော်အတွက် ကျပ်သိန်း ၂,၅၀၀ ခန့် သုံးစွဲခဲ့
Donate to DVB

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကြိုတင်မဲထည့်ဖို့စာအိတ်ပေါင်း သိန်း ၁၃၀ ကျော်အတွက် ကျပ်သိန်း ၂,၅၀၀ လောက်သုံးစွဲခဲ့ပြီး မဲလက်မှတ်တွေအတွက် ကျပ် သိန်းပေါင်း ၄၀,၀၀၀ ကြိုတင်ပေးချေထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနကို အပ်နှံပြုလုပ်စေခဲ့တာဖြစ်ပြီး စာရင်းတွေအရ ၁၀ လက်မ ၇ လက်မအရွယ် စာအိတ်အကြီးတလုံးအတွက် ၃၀ ကျပ်၊ ၇ လက်မ ၅ လက်မအရွယ် စာအိတ်အသေးတလုံးအတွက် ၁၄ ကျပ်ခွဲကုန်ကျခဲ့တာပါ။

ရွေးကောက်ပွဲကျင်းပဖို့ စတင်ကြေညာခဲ့တဲ့ မဲဆန္ဒနယ်တွေ အားလုံးအတွက်လွှတ်တော် တရပ်ချင်းစီမှာ လုံလောက်အောင် ဆန္ဒမဲလက်မှတ်တွေ၊ ကြိုတင်ဆန္ဒမဲလက်မှတ်တွေအတွက် စာအိတ်တွေ အပ်နှံရတာလို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

အပ်နှံခဲ့တဲ့ စာအိတ်အရေအတွက်ကတော့ စာအိတ်အကြီးလုံးရေ ၃၂ သိန်း၊ အသေးလုံးရေ ၁၀၃ သိန်းဖြစ်ပြီး ကျသင့်ငွေက ၂,၄၅၃ သိန်း ဖြစ်ပါတယ်။

ဆန္ဒမဲလက်မှတ်တွေအတွက်ကတော့ ကျပ်သိန်း ၄ သောင်း ကြိုတင်ပေးချေထားပြီး ပြည်သူ့လွှတ်တော်အတွက် ၄၄,၁၆၉,၃၄၄ ရွက်၊ အမျိုးသားလွှတ်တော်အတွက် ၄၄၁၄၈၂၂၉ ရွက်၊  တိုင်းနဲ့ပြည်နယ်လွှတ်တော်အတွက် ၄၃,၂၉၅,၃၇၄ ရွက်နဲ့ တိုင်းရင်းသားလူမျိုးလွှတ်တော်အတွက် ၇,၇၁၈,၁၇၃ ရွက် ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနဲ့ ၂၀၁၇၊ ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွေမှာ သုံးခဲ့တဲ့ ဆန္ဒမဲလက်မှတ်တွေနဲ့ ကြိုတင်ဆန္ဒမဲပေးရာမှာသုံးတဲ့ စာအိတ်အသေး၊ အကြီးတွေကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနဆီကိုပဲ အပ်နှံခဲ့တာလို့ ကော်မရှင်က ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013