DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ်တွင် နေ့ခင်းကြောင်တောင် နေအိမ်အနုကြမ်းစီးမှုဖြစ်ပွား
DVB
·
December 5, 2020
ပေါင်မြို့နယ်တွင် နေ့ခင်းကြောင်တောင် နေအိမ်အနုကြမ်းစီးမှုဖြစ်ပွား
Donate to DVB

မွန်ပြည်နယ် ပေါင်မြို့နယ်၊ အောင်ချမ်းသာပိုင်းရှိ ဦးချမ်းသာရဲ့ နေအိမ်မှာ ဒီဇင်ဘာ ၄ ရက်နေ့ နေ့လယ်ပိုင်းက အမည်မသိအမျိုးသား ၂ ဦးက အနုကြမ်းစီးခဲ့​တယ်လို့ သိရပါတယ်။

ထန်းပင်ချောင်ကြီးကျေးရွာ၊ စျေးတန်းလမ်း၊ အောင်ချမ်းသာပိုင်းနေ ဦးချမ်းသာနဲ့ ဒေါ်ဝင်းမူတို့မှာ ဒီဇင်ဘာ ၄ ရက်နေ့က လယ်ကွင်းထဲစပါးရိတ်သွားနေချိန် နေအိမ်ကို အမည်မသိ ၂ ဦး ရောက်ရှိလာပြီး အနုကြမ်းစီးမှုဖြစ်ခဲ့တာပါ။

နေအိမ်မှာ မိရတနာဦး (၁၃) နှစ်၊ မိရတနာမွန် (၉) နှစ်၊ မိချောရတနာခိုင် (၆) နှစ်တို့ ၃ဦးကို နေအိမ်အောက်ထပ်ရှိ ကုလားထိုင်မှာ လက်ပြန်ကြိုးတုတ်ပြီး အနုကြမ်းစီးသူ ၂ ဦးက နေအိမ်အပေါ်ထပ်တက်ကာ ပစ္စည်းများ ခိုးယူနေချိန် အပြင်ကအသံကြားသဖြင့် ထွက်ပြေးရာမှ ပလတ်တစ်အိပ်နဲ့ ထုပ်ထားတဲ့ ငွေကျပ် ၃ သိန်းခွဲမှာ ပြုတ်ကျကျန်ရှိခဲ့တယ်လို့ သိရပါတယ်။

မိရတနာဦးက "သမီးတို့အိမ်မှာအိပ်နေတုန်း အဲ့ဒီလူ ၂ ယောက်က အိမ်ထဲကိုဝင်လာတယ်။ သူတို့မျက်နှာတွေလည်း နှာခေါင်းပိတ်အမည်းရောင်နဲ့အုပ်ထားတယ်။ အဲ့ဒီလူ ၂ ယောက်ပုံစံက တစ်ယောက်က အရပ်ပုပုနဲ့ နောက်တစ်ယောက်က အရပ်ရှည်ရှည်နဲ့ပါ။ ပြီးတော့သမီးတို့ကို ခုံမှာ ကြိုးနဲ့တုတ်ထားတယ်။ သမီးကကြောက်ပြီးငိုတော့ သမီးခေါင်းကိုကိုင်ပြီး နံရံနဲ့စောင့်ထည့်တယ်" လို့ DVB ကိုပြောပါတယ်။

ထန်းပင်ချောင်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က "ရွာထဲမှာပြောနေတဲ့ ဓားပြတိုက်တယ်ဆိုတာမဟုတ်ပါဘူး။ နေ့ခင်း​ဗြောင်ကြီးမှာ ဘယ်ဓားပြကတိုက်ရဲမလဲ။ အနုကြမ်းဝင်စီးတဲ့ပုံစံပါ။ ဒီကောင်တွေကလည်း ကျနော့်ရွာသားတွေ မဟုတ်လောက်ဘူး။ ဒီရွာမှာ ရွှေ့ပြောင်းလုပ်ကိုင်စားနေကြတဲ့သူတွေလို့ ထင်တယ်။ အရင်ကလည်း ဆိုင်ကယ်ပျောက်၊ ဖုန်းပျောက်ဒီလောက်ပဲရှိတယ်။ အခုလိုမျိုးက တစ်ခါမှမရှိခဲ့ပါဘူး" လို့ ​ပြောပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်ပြီး ကာယကံရှင်တွေဘက်က လာရောက်အမှုဖွင့်တိုင်တန်းထားတာမျိုး မရှိ​သလို နေအိမ်အနုကြမ်းစီးဝင်ရောက်ခဲ့သူ ၂ ဦးကိုလည်း အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းကာ လိုက်လံရှာဖွေနေတယ်လို့ ထန်းပင်ချောင်ကြီးရဲကင်းစခန်းက သိရပါတယ်။

ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013