DVB Logo
Home
မြန်မာသတင်း
Stay at Home အမိန့်ထုတ်မထားသည့် မြို့နယ်များ၌ စားသောက်ဆိုင်များ ပြန်ဖွင့်ခွင့်ပြုမည်
DVB
·
December 3, 2020
Stay at Home အမိန့်ထုတ်မထားသည့် မြို့နယ်များ၌ စားသောက်ဆိုင်များ ပြန်ဖွင့်ခွင့်ပြုမည်
Donate to DVB

နေပြည်တော်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွေရှိ Stay at Home သတ်မှတ်ထားခြင်းမရှိတဲ့ မြို့နယ်တွေမှာ စစ်ဆေးဆောင်ရွက်ပြီး A အဆင့် သတ်မှတ်ခံရတဲ့ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို မနက်ဖြန် ဒီဇင်ဘာလ ၄ ရက်နေ့က စတင်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပေးသွားမယ်လို့ သိရပါတယ်။ 

နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက “ဗဟိုကော်မတီကတော့ ညွှန်ကြားချက်လာပြီ၊ နေပြည်တော်ကောင်စီကလည်း မကြာခင် ဆိုင်ထိုင်စားသောက်ခွင့် ညွှန်ကြားချက်ထွက်ပါ့မယ်။  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာ တစ်နိုင်ငံလုံးသဘော ညွှန်ကြားချက်ထဲမှာ ပါပါတယ်”လို့ ပြောပါတယ်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ Stay at Home သတ်မှတ်ထားခြင်းမရှိတဲ့ မြို့နယ်တွေမှာ ကိုဗစ်-၁၉ ကာကွယ်၊ တားဆီးရေးဆိုင်ရာစံသတ်မှတ်ချက် A အဆင့်နဲ့ ကိုက်ညီပြီး ဆိုင်ထိုင်စားသောက်ခွင့်ပြုနိုင်တဲ့ ဆိုင် ၈၀၁၇ ဆိုင်ရှိတယ်လို့ သိရပါတယ်။ 

နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ A အဆင့်သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဆိုင် ၃၅၀ လောက်ရှိပြီး သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ဆိုင်တွေအနေနဲ့ လိုအပ်ချက်တွေကို ပြန်လည်ပြင်ဆင်ပြီး တင်ပြလာမယ်ဆိုရင် ဖွင့်လှစ်ခွင့်ပေးသွားမယ်လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013