DVB Logo
Home
Lead Story
မြန်မာအိုင်ဒေါစတား တေးသံရှင် M ဇော်ရိန် အဆွေးသီချင်းသစ်-“ချစ်ခဲ့ပေမယ့်”(ရုပ်သံ)
DVB
·
December 3, 2020
မြန်မာအိုင်ဒေါစတား တေးသံရှင် M ဇော်ရိန် အဆွေးသီချင်းသစ်-“ချစ်ခဲ့ပေမယ့်”(ရုပ်သံ)
Donate to DVB

“ဖြစ်ပျက်ခဲ့သမျှ မေ့ဖို့ကမလွယ်ကူ… အရာ အားလုံးပြီးဆုံးသွားပေမယ့်… ဦး နှောက်ထဲမှာ ကျန်နေတုန်းပဲ… ဒီသံယောဇဉ်… ဒီသံယောဇဉ်… လက်ချိုးရေလို့မရတဲ့ အမှတ်တရများကို… ဗလိုင်းကြီး မေ့ခံရအောင်… သုံး လေး ရက်လောက် တွဲခဲ့တာ လည်းမဟုတ်… နင်အသိဆုံး… သိပ်ချစ်ခဲ့တာတွေကို… နင့်ဘဝအတွက်ပဲ… ငါသိပါ တယ်… ငါဘာမှအသုံးမဝင်ဘူး နင့်အတွက်”

ဒါကတော့ လတ်တလောအသစ်ထွက်ရှိလာခဲ့တဲ့ မြန်မာအိုင်ဒေါစတား တေးသံရှင် M ဇော်ရိန်ရဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပြီး သူ့ရဲ့ပရိသတ်တွေကြား ရေပန်းစားနေခဲ့ပါတယ်။

“ချစ်ခဲ့ပေမယ့်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး စောထက်နိုင်စိုး က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး Silver Gold Music Band ရဲ့ တီးခတ်မှုနဲ့ မြူးဇစ်ဗီဒီယို အနေနဲ့ ထွက်ရှိလာခဲ့တာပါ။

အသက် ၂၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ M ဇော်ရိန်ကိုတော့ ပရိသတ်တွေက မြန်မာ အိုင်ဒေါသီချင်းဆိုပြိုင်ပွဲကတဆင့် စတင်သတိထားမိခဲ့ကြတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဂီတအနုပညာလှုပ်ရှားမှုတွေနဲ့ ဆက်လက်လျှောက်လှမ်းနေခဲ့သူ ဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပခဲ့တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲ Season 1 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဆင့်ဆင့်ဖြတ်သန်းကာ နောက်ဆုံးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့သူပါ။

အဲဒီအဆင့်မှာတော့ M ဇော်ရိန်နဲ့အတူ ပြိုင်ပွဲဝင်တွေဖြစ်ကြတဲ့ နင်ဇီမေ၊ စော လားထော်ဝါးတို့က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး Winner ဆုကိုတော့ စောလားထော် ဝါးက ရရှိသွားခဲ့ကာ M ဇော်ရိန်ကတော့ First Runner Up ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူဟာ “စိတ်”အမည်နဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားခဲ့ပြီဖြစ်ကာ တခြားအတွဲတေးအယ်လ်ဘမ်တွေမှာရော၊ ရှိုးပွဲတွေမှာပါ သီဆို ဖျော်ဖြေနေခဲ့ပြီ ဖြစ်ပါတယ်။

“နင်အဆင်ပြေဖို့က အဓိကပါ… ဒဏ်ရာတွေနဲ့ပြည့်နေလည်း… နင်မှမသိနိုင်ပဲ… နင်ပျော်နေဖို့က အဓိကပါ… အချိန်တွေ အကြာကြီးချစ်ခဲ့လည်း… သေအောင် ငါချစ်ခဲ့ပေ မယ့်… နင်အဆင်ပြေဖို့က အဓိကပါ… ဒဏ်ရာတွေနဲ့ပြည့်နေလည်း… နင်မှမသိနိုင်ပဲ… ဟေး .. နင်ပျော်နေဖို့က အဓိကပါ… အချိန်တွေ အကြာကြီးချစ်ခဲ့လည်း… သေအောင် ငါချစ်ခဲ့ပေမယ့်… ထားခဲ့တာပဲ”

ခုအသစ်ထွက်ရှိလာတဲ့ “ချစ်ခဲ့ပေမယ့်”သီချင်းထဲမှာတော့ M ဇော်ရိန်ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားခဲ့ပြီး ဒါရိုက်တာ ရဲနိုင်ကျော်က ရိုက်ကူးပုံဖော်ပေးထားခဲ့ကာ အလွမ်းအဆွေး သီချင်းရုပ်သံတပုဒ်အနေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013