DVB Logo
Home
မြန်မာသတင်း
အင်္ဂလိပ်စာကျွမ်းကျင်မှု နိုင်ငံပေါင်း ၁၀၀ တွင် မြန်မာက အဆင့် ၉၃ ဖြင့် ရပ်တည်
DVB
·
December 3, 2020
အင်္ဂလိပ်စာကျွမ်းကျင်မှု နိုင်ငံပေါင်း ၁၀၀ တွင် မြန်မာက အဆင့် ၉၃ ဖြင့် ရပ်တည်
Donate to DVB

ကမ္ဘာ့နိုင်ငံတွေရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်မှုအညွန်းကိန်းအရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၀၀ နိုင်ငံအနက် အဆင့်  ၉၃ မှာရပ်တည်နေပြီး အာရှနိုင်ငံ ၂၄ နိုင်ငံထဲမှာတော့ အဆင့် ၂၂ နေရာမှာ ရှိနေပါတယ်။

အင်္ဂလိပ်စာကို မိခင်ဘာသာအဖြစ် အသုံးမပြုတဲ့ နိုင်ငံတွေရဲ့ အင်္ဂလိပ်စာတတ် မြောက်မှု အခြေအနေကို  နှစ်စဉ်လေ့လာ စစ်တမ်းကောက်ယူ ထုတ်ပြန်ပေးနေတဲ့ နိုင်ငံတကာ ပညာရေး သုတေသနအဖွဲ့တဖွဲ့ဖြစ်တဲ့ Education First (EF)  အဖွဲ့က ထုတ်ပြန် တဲ့ 2020 English Proficiency Index အညွှန်းကိန်းမှာ ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၈၈ နိုင်ငံထဲမှာ အဆင့် ၈၂၊  ၂၀၁၉ ခုနှစ်မှာ နိုင်ငံပေါင်း ၁၀၀ ထဲမှာ အဆင့်  ၈၆ နဲ့ ရပ်တည်ခဲ့တာမို့ အင်္ဂလိပ်စာ အညံ့ဆုံး အောက်ဆုံး ၁၀ နိုင်ငံစာရင်းထဲမှာ ၃ နှစ်ဆက်တိုက် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

EF အနေနဲ့ ခုလိုစစ်တမ်းကောက်ယူရာမှာ နိုင်ငံသားတွေရဲ့ တဦးချင်းဝင်ငွေ၊ အင် တာနက်အသုံးပြုနိုင်မှု အခွင့်အလမ်း၊ ပညာရေးအတွက် ငွေကြေးသုံးစွဲမှု၊ အတန်းပညာ သင်ယူတတ်မြောက်မှု၊ ပျမ်းမျှလူဦးရေ စတဲ့ အခြေခံ အချက်အလက်တွေကတဆင့် အ ခြေခံ တွက်ချက်ထားတဲ့ ညွှန်ကိန်းတွေ ဖြစ်ပါတယ်။

ဒီစစ်တမ်းအရ အင်္ဂလိပ်စာ ကျွမ်းကျင်မှုအဆင့်ကို အလွန်မြင့်၊ မြင့်၊ ပျမ်းမျှ၊ နိမ့်၊ အလွန်နိမ့်ဆိုပြီး အုပ်စု ၅ စုခွဲပြီး ရမှတ်ညွှန်ကိန်းတွေအလိုက် ဖော်ပြထားခဲ့တာပါ။

အခုနှစ်ရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှု အဆင့်အမြင့်ဆုံး နိုင်ငံအဖြစ် မနှစ်ကလည်း အဆင့် ၁ နေရာမှာ ရှိခဲ့တဲ့ နယ်သာလန်နိုင်ငံက ရမှတ် ၆၅၂ မှတ်နဲ့ ရှိနေပြီး သူ့ နောက်မှာတော့ ဒိန်းမတ်၊ ဖင်လန်၊ ဆွီဒင်၊ နော်ဝေနိုင်ငံတွေက ထိပ်တန်း ၅ နိုင်ငံအနေနဲ့ ရှိနေတာပါ။

အာဆီယံ ဒေသတွင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံကတော့ မနှစ်က စာရင်း မှာ အဆင့် ၅ နေရာမှာ ရှိခဲ့ပေမယ့် အခုနှစ်မှာတော့ ရမှတ် ၆၁၁ မှတ်နဲ့ အဆင့် ၁၀ နေရာ အလွန်မြင့်အုပ်စုထဲမှာ ရှိနေပါတယ်။

မြန်မာနိုင်ငံကတော့ ရမှတ်စုစုပေါင်း ၄၁၁ မှတ်နဲ့ အလွန်နိမ့်အုပ်စုထဲမှာရှိနေပြီး အင်တာနက် အသုံးပြုနိုင်မှု ရာခိုင်နှုန်း ၃၀ ရာခိုင်နှုန်း၊ ကျောင်းနေအရွယ် ပျမ်းမျှသက်တမ်း  ၅ နှစ်နဲ့ လူဦးရေ ၅၆ ဒသမ ၅၉ သန်းဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

အာဆီယံနိုင်ငံတွေရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်မှုအဆင့်တွေမှာတော့ စင်ကာပူက အလွန်မြင့်အုပ်စု၊ ဖိလစ်ပိုင်က မြင့်အုပ်စု၊ မလေးရှားက အလယ်အလတ်အုပ် စု၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားကနိမ့်အုပ်စု၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ မြန်မာတို့က အလွန်နိမ့် အုပ်စုတွေထဲ အစဉ်လိုက်ရပ်တည်နေပြီး လာအိုနဲ့ ဘရူနိုင်း နိုင်ငံတွေကတော့ စာရင်းမှာ ပါဝင်ခြင်း မရှိပါဘူး။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံကတော့ အဆင့် ၃၈ နဲ့ အလယ် အလတ်အုပ်စုထဲမှာပါဝင်နေပြီး အိန္ဒိယနိုင်ငံကတော့ အဆင့် ၅၀ နဲ့ နိမ့်အုပ်စုထဲမှာ ပါဝင် နေတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013