DVB Logo
Home
မြန်မာသတင်း
အမျိုးသမီး ၁ ဦး အဓမ္မပြုကျင့်ခံခဲ့ရသည့် တောင်ကြီးတက္ကသိုလ် Quarantine စင်တာကို ဝန်ကြီးချုပ်စစ်ဆေး
DVB
·
December 2, 2020
အမျိုးသမီး ၁ ဦး အဓမ္မပြုကျင့်ခံခဲ့ရသည့် တောင်ကြီးတက္ကသိုလ် Quarantine စင်တာကို ဝန်ကြီးချုပ်စစ်ဆေး
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရတဲ့ တောင်ကြီးတက္ကသိုလ်ရှိ Quarantine စင်တာကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နဲ့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။

လူနာတွေများလာတဲ့တောင်ကြီးမြို့မှာ ကွာရန်တင်းဝင်သူတွေအတွက် နေရာလုံလောက်မှု ရှိမရှိ၊ လုံခြုံမှု ရှိမရှိနဲ့ အစိုးရအဖွဲ့က ဘာတွေလုပ်ဆောင်ပေးဖို့ရှိလဲဆိုတာကို ဒီဇင်ဘာ ၁ ရက်နေ့က ကွင်းဆင်းစစ်ဆေးတာဖြစ်ပါတယ်။

ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ တောင်ကြီးတက္ကသိုလ် Quarantineစင်တာအပြင် ကွန်ပျူတာ တက္ကသိုလ် Quarantine စင်တာကိုလည်း သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ညက တောင်ကြီးတက္ကသိုလ် နန်းဝတီ အမျိုးသမီးအဆောင်မှာ ကွာရန်တင်း ဝင်နေတဲ့အမျိုးသမီးတစ်ဦး ဓားထောက် အဓမ္မပြု ကျင့်ခံခဲ့ရပြီး တရားခံကို စုံစမ်းနေဆဲလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း အရပ်ဖက်လူမှုအဖွဲ့တွေက တာဝန်ရှိသူတွေ တာဝန်ယူပေးဖို့ တောင်းဆိုတဲ့ သဘောထားထုတ်ပြန်ချက်ကို ဒီဇင်ဘာ ၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လက်ရှိတောင်ကြီး တက္ကသိုလ် Quarantine စင်တာအမျိုးသမီး အဆောင်မှာ လုံခြုံရေး အတွက် ရဲမေ၊ အရန်မီးသတ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ အချိန်ပြည့်စောင့်ကြည့်နေပါတယ်။

တောင်ကြီးတက္ကသိုလ် နန်းဝတီ အမျိုးသမီးအဆောင်မှာ Quarantine ဝင်နေတဲ့ အမျိုးသမီးနဲ့ ကလေး ၅၂ ဦးရှိပါတယ်။

သတင်း - ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013