DVB Logo
Home
မြန်မာသတင်း
တပ်မတော်အတွင်း ကိုဗစ်-၁၉ လူနာ ၁,၀၀၀ ကျော်သာရှိဟု ဗိုလ်ချုပ်မှူးကြီးပြော
DVB
·
December 2, 2020
တပ်မတော်အတွင်း ကိုဗစ်-၁၉ လူနာ ၁,၀၀၀ ကျော်သာရှိဟု ဗိုလ်ချုပ်မှူးကြီးပြော
Donate to DVB

တပ်မတော်အတွင်း စည်းကမ်းများထုတ်ပြန်ခဲ့ပြီး ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ခဲ့တာ ကြောင့် လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ ဓာတ်ခွဲအတည်ပြုလူနာ ၁,၀၀၀ ကျော်သာ တွေ့ရှိရတာလို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနားတပ်နယ်နဲ့ မြစ်ကြီးနား လေတပ်စခန်း ဌာနချုပ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ သီးခြားစီတွေ့ဆုံရာမှာ ပြောကြားခဲ့တာလို့ တပ်မတော်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ 

“တပ်မတော်အတွင်းမှာ ဇန်နဝါရီ လဆန်းပိုင်း ကတည်းကပင် သွားလာမှုစည်းကမ်းများနှင့် အခြားစည်းကမ်းများကို ထုတ်ပြန်ခဲ့ပြီး ကြိုတင်ကာကွယ်မှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့်လည်း တပ်မတော်တွင်း၌ လက်ရှိအချိန်ထိ ရောဂါပိုးတွေ့ရှိ ဓာတ်ခွဲအတည်ပြုလူနာ တစ်ထောင်ကျော်သာ တွေ့ရှိရခြင်းဖြစ်ကြောင်း၊ အမိန့်နာခံမှုနှင့် စစ်စည်းကမ်းသည် တပ်မတော်၏ကျောရိုးပင်ဖြစ်သည့် တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် စည်းကမ်းများကို ဆက်လက် လိုက်နာသွားကြရန်လိုကြောင်း။” ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။    

နိုဝင်ဘာ ၈ ရက်ကျင်းပခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ  တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေအနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေ၊ တပ်မတော်မှ စနစ်တကျဆန္ဒမဲပေးနိုင်အောင် ဆောင်ရွက်ပေးထားမှုတွေနဲ့အညီ တက်ကြွစွာပါဝင် ဆန္ဒမဲပေးခဲ့ကြတာကို တွေ့ရှိရကြောင်း၊ အောင်မြင်စွာပြီးမြောက်အောင် စနစ်တကျနဲ့ ဝိုင်းဝန်းဆန္ဒမဲတွေပေးခဲ့ကြတဲ့အတွက်လည်း  တပ်မတော်သားတွေနဲ့ မိသားစုတွေကို ကျေးဇူးတင်ရှိ ကြောင်း ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

တပ်မတော်ဟာ နိုင်ငံတော်ကာကွယ်ရေးမှာ အဓိကစွမ်းအားစုဖြစ်လို့ တူညီတဲ့ အမြင်နဲ့ တစ်သွေး၊ တစ်သံ၊ တစ်မိန့်တည်း ဖြစ်ရမယ်၊  တပ်မတော်သားတွေနဲ့  မိသားစုဝင်တွေဟာ သီးခြားအဖွဲ့အစည်းမဟုတ်ဘဲ ပြည်သူက ပေါက်ဖွားလာသူတွေဖြစ်လို့ ပြည်သူနဲ့ တစ်သားတည်း ဖြစ်ဖို့လိုတယ်၊ ပြည်သူကအားကိုးရပြီး နိုင်ငံတော်က အားထားရသော တပ်မတော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားဖို့လည်း တပ်မတော်အကြီးအကဲက တိုက်တွန်းပြောသွားပါတယ်။

အဆိုပါတွေ့ဆုံပွဲတွေကို  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ နယ်စပ်ရေးရာ ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးတွေ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်၊ မြစ်ကြီးနားတပ်နယ်နဲ့ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုတွေ တက်ရောက်ကြတယ်လို့ တပ်မတော် သတင်းမှာဖော်ပြပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် (KBC)  အဖွဲ့မှ တာဝန်ရှိသူတွေနဲ့လည်း မနေ့က  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မလိခရိပ်သာ ဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013