DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းတွင် ကိုဗစ်-၁၉ လူနာ ၁,၀၀၀ ကျော်ရှိသည့် မြို့နယ် ၂ ခုရှိလာ
DVB
·
December 2, 2020
မန္တလေးတိုင်းတွင် ကိုဗစ်-၁၉ လူနာ ၁,၀၀၀ ကျော်ရှိသည့် မြို့နယ် ၂ ခုရှိလာ
Donate to DVB

မန္တလေးတိုင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့ လူနာအရေအတွက် ၁,၀၀၀ ကျော်နဲ့ ကူးစက်မှုအမြင့်ဆုံး မြို့ နယ် ၂ ခုထိ ရှိလာပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

အဲဒီမြို့နယ် ၂ ခုကတော့ ချမ်းအေးသာစံမြို့နယ်နဲ့ မဟာအောင်မြေမြို့နယ်တွေ ဖြစ်ကြပြီး ပိုးတွေ့လူနာအရေအတွက် ၁,၂၁၉ ယောက်နဲ့ ၁,၀၂၀ ယောက်စီ အသီးသီး ကူး စက်ခံထားရတာပါ။

မြန်မာတနိုင်ငံလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၉၂,၀၀၀ ကျော်လာခဲ့ပြီဖြစ်ကာ ထောင်ချီကူး စက်ခံရတဲ့ မြို့နယ်ပေါင်း ၂၈ မြို့နယ်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီမြို့နယ်တွေထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်ပေါင်း ၂၄ မြို့နယ် ပါဝင်နေတာဖြစ်ပြီး မန္တလေးတိုင်းက ၂ မြို့နယ်၊ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေက တမြို့နယ်စီ ပါဝင်နေတာ ဖြစ်ပါတယ်။

ဒီမြို့နယ် ၂၈ ခုထဲမှာတော့ ရန်ကုန်တိုင်း၊ မြောက်ဉက္ကလာပမြို့နယ်နဲ့ မင်္ဂလာဒုံမြို့ နယ်တွေက ပိုးတွေ့လူနာ ၄,၅၈၇ ယောက်၊  ၄,၅၆၉ ယောက်စီနဲ့ အများဆုံးဖြစ်နေပြီး ပိုးတွေ့လူနာ ၃,၀၀၀ ကျော်လာတဲ့ မြို့နယ် ၃ မြို့နယ်နဲ့ ၂,၀၀၀ ကျော်လာတဲ့ မြို့နယ် ၇ မြို့နယ်ထိ ပါဝင်နေတာကို တွေ့ရပါတယ်။

       ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃,၀၀၀ ကျော်လာတဲ့ မြို့နယ် ၃ မြို့နယ်ကတော့ ရန်ကုန် တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေဖြစ်ကြတဲ့ လှိုင်သာယာ၊ အင်းစိန်၊ သင်္ဃန်းကျွန်း မြို့နယ်တွေ ဖြစ်ကြပြီး ပိုးတွေ့လူနာဦးရေ ၃,၉၄၉ ယောက်၊ ၃,၆၃၂ ယောက်၊ ၃,၅၂၀ ယောက်စီ ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

ပိုးတွေ့လူနာ ၂,၀၀၀ ကျော်တဲ့ မြို့နယ် ၇ ခုကလည်း ရန်ကုန်တိုင်းမြို့နယ်တွေ ဖြစ်ကြတဲ့ မရမ်းကုန်း၊ ရွှေပြည်သာ၊ လှိုင်၊ သန်လျင်၊ တာမွေ၊ ‌တောင်ဥက္ကလာပ၊ ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့နယ် တွေဖြစ်ကြပြီး ပိုးတွေ့လူနာဦးရေ ၂,၉၄၀ ယောက်၊ ၂,၈၂၂ ယောက်၊ ၂,၃၈၁ ယောက်၊ ၂,၃၆၈ ယောက်၊ ၂,၃၆၁ ယောက်၊ ၂,၃၃၈ ယောက်၊ ၂,၁၈၂  ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရတာပါ။

အဲဒီမြို့နယ်တွေနောက်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၀၀၀ ကျော်ရှိတဲ့ မြို့ နယ် ၁၆ ခုအဖြစ် ရန်ကုန်တိုင်းထဲက ကမာရွတ်၊ သာကေတ၊ ကြည့်မြင်တိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒလ၊ ဗဟန်း၊ မှော်ဘီ၊ လမ်းမတော်၊ ရန်ကင်းမြို့နယ်တွေက ပါဝင်နေတာဖြစ်ပြီး မန္တလေးတိုင်းမြို့နယ် ၂ ခုဖြစ်တဲ့ ချမ်းအေးသာစံမြို့နယ်နဲ့ မဟာအောင်မြေမြို့နယ်၊ ပဲခူးတိုင်းမြို့တော် ပဲခူးနဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၈ လကျော် ရှိလာခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၉၂,၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ ၁ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံ လုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၉၂,၁၈၉ ယောက်၊ သေဆုံးသူ ၁,၉၇၂ ယောက် နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၇၁,၃၄၃ ယောက်နဲ့ အာဆီယံ နိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအ တွက် ၆၆,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံး ဖြစ် ကာ ဒုတိယနေရာမှာတော့ မန္တလေးတိုင်းက ပိုးတွေ့လူနာ ၆,၀၀၀ ကျော်၊ ပဲခူးတိုင်းက ပိုး တွေ့လူနာ ၅,၀၀၀ ကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

ဒီအချက်အလက်တွေကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စတင်တွေ့ ရှိချိန်ကတည်းက အချိန် ၈ လ ကျော်ကြာခဲ့ချိန်မှာ ဓာတ်ခွဲနမူနာစုစုပေါင်း ၁ ဒသမ ၁၈ သန်းကျော်ကို စစ်ဆေးမှုတွေအရ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက်ဒ် စာမျက်နှာပေါ်မှာ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အစိုးရအနေနဲ့ အများပြည်သူကို ကျန်းမာရေး အသိပညာ ပေးမှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်ပေးနေပြီး ပြည်နယ်နဲ့တိုင်းအလိုက် ပါးစပ်နဲ့ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်တွေကိုလည်း လုပ်ဆောင် နေ တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ဟာ တကမ္ဘာလုံး ကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၆၄ သန်းနီးပါးရှိလာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁ ဒသမ ၄၈ သန်းကျော်နဲ့ ရောဂါပျောက်ကင်းသက်သာသူ စုစုပေါင်း ၄၄ သန်းကျော် ရှိနေခဲ့ ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013