DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်တင်ရေး မဟာစီမံကိန်းရေးဆွဲဆောင်ရွက်နေဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
December 1, 2020
ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်တင်ရေး မဟာစီမံကိန်းရေးဆွဲဆောင်ရွက်နေဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
Donate to DVB

ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်တင်ရေးဆောင်ရွက်နိုင်ဖို့ လုပ်ငန်းကော်မတီတွေ လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းပြီး မဟာစီမံကိန်း ( Master Plan ) တစ်ခုရေးဆွဲ အကောင် အထည်ဖော်နေပြီလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ 

ရန်ကုန်တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရတဲ့ တက္ကသိုလ် ( Autonomous University  ) ဖြစ်စေဖို့ ရည်မှန်းဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ဒီနေ့ ကျင်းပတဲ့ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်အခမ်းအနားမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောသွားတာပါ။ 

ရန်ကုန်တက္ကသိုလ်ဟာ စစ်ကြိုခေတ်နဲ့ လွတ်လပ်ရေး ရပြီးစကာလမှာ ပညာရေးအဆင့်အတန်းနဲ့ အရှေ့တောင် အာရှမှာ ထိပ်တန်းတက္ကသိုလ်ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရန်ကုန်တက္ကသိုလ်ရဲ့ အဆင့်ကျဆင်းခဲ့ရကြောင်း လက်ရှိအချိန်မှာ ပြန်လည်အဆင့်မြှင့်နိုင်ဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

နို်ငငံတော် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးမှာ အထူးလိုအပ်နေတဲ့ နိုင်ငံသားကို ကောင်းကျိုးပြုစေမယ့် အရည်အသွေးမြင့်မားတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ပေါ်ထွန်းအောင် ပြုစုပျိုးထောင်ပေးနိုင်ဖို့ တက္ကသိုလ်တွေရဲ့ အရည်အသွေး မြင့်မားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ 

သင်ရိုးညွှန်းတမ်းတွေကို ပြောင်းလဲနေတဲ့ ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေဖြစ်ပြီး နိုင်ငံတော်ရဲ့ လိုအပ်ချက်တွေနဲ့ အညီ ပြည်လည်ဆန်းစစ်ပြီး မွမ်းမံပြင်ဆင်သွားမယ်၊ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်တက္ကသိုလ်ရဲ့ ဥပဓိရုပ် ပိုမိုကောင်းမွန်လာစေဖို့အတွက်လည်း စာသင်ဆောင်တွေ၊ ကျောင်းသားဆောင်တွေကို ပြင်ဆင်မွမ်းမံ အဆင့်မြှင့်တင်ပေးနေသလို တက္ကသိုလ် ပရဝုဏ်ကိုလည်း သန့်ရှင်းသာယာပြီး ကျန်းမာရေးအတွက် လုံခြုံနွေးထွေးပြည့်စုံကောင်းမွန်ဖို့ ၊ တက္ကသိုလ်ဝန်းကျင်မှာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့ ကားလမ်းနဲ့ လူသွားလမ်းတွေ ပြင်ဆင်တိုးချဲ့တာ ၊ အဓိပတိလမ်းတစ်လျှောက် သာယာလှပဖို့နဲ့ စိမ်းလမ်းစိုပြည်ဖို့ ပြုပြင် မွမ်းမံတာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အဖြစ် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကနေစတင်ပြီး ၂၀၂၀ ဒီဇင်ဘာ လကုန်အထိ တစ်နှစ်တာကာလပတ်လုံး ကျင်းပနေတာဖြစ်ပါတယ်။ 

ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကြောင့် ပညာရပ်ဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ၊ ဈေးရောင်းပွဲ၊ ပျော်ပွဲရွှင်ပွဲတွေကို စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်ပဲ အွန်လိုင်းနဲ့ ရုပ်မြင်သံကြားကနေသာ ဟောပြောပွဲ၊ ပြိုင်ပွဲတွေနဲ့ ဂီတဖျော်ဖြေပွဲတွေသာ တင်ဆက်နိုင်ခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်ကို  ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရက ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ စတင်တည်ထောင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒီမတိုင်ခင်က မြန်မာနိုင်ငံမှာ ကိုယ်ပိုင် တက္ကသိုလ်မရှိဘဲ ကလကတ္တတား တက္ကသိုလ်လက်အောက်ခံ ရန်ကုန်ကောလိပ်နဲ့ အမေရိကန် သာသနာပြုအဖွဲ့ရဲ့ ဂျပ်ဆင်ကောလိပ်တို့သာရှိခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ဟာ မြန်မာနိုင်ငံမှာ တက္ကသိုလ်တွေထဲမှာ ထိပ်ဆုံးအဖြစ်သတ်မှတ်ခံရပြီး အန်အယ်လ်ဒီအစိုးရ စတင်တာဝန်ယူကာလ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့အဆင့် ၁၃,၀၇၂ ရှိရာက အခုနှစ်မှာတော့ ၇,၁၁၆ အဆင့်အထိတိုးတက်လာပြီဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013