DVB Logo
Home
မြန်မာသတင်း
ပြီးခဲ့သည့်နှစ် ပထမလေးလပတ်ထက် ကုန်သွယ်မှုပမာဏ တိုးမြှင့်
DVB
·
August 19, 2013
ပြီးခဲ့သည့်နှစ် ပထမလေးလပတ်ထက် ကုန်သွယ်မှုပမာဏ တိုးမြှင့်
Donate to DVB

မြန်မာနိုင်ရဲ့ နိုင်ငံခြားကုန်သွယ်မှုပမာဏဟာ  အခု ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ရဲ့ ပထမလေးလပတ် ကာလအထိ အမေရိကန်ဒေါ်လာ သန်း ၇၀၈၀ ရရှိထားပြီးဖြစ်တာကြောင့်  ပြီးခဲ့တဲ့နှစ် ကာလတူအချိန်နဲ့ နှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော် ပိုမိုရရှိထားပါတယ်။

အခု ဘဏ္ဍာနှစ်ရဲ့ ဧပြီ ၁ ရက်နေ့ကစပြီး ဇူလိုင် နောက်ဆုံးရက်အထိ မြန်မာ့ကုန်သွယ်မှုပမာဏက အမေရိကန်ဒေါ်လာ ၇၀၈၀ သန်း ရရှိထားတဲ့အနက် ပို့ကုန်တင်ပို့မှုက အမေရိကန်ဒေါ်လာ ၃၁၆၁ သန်း နှင့် သွင်းကုန်တင်သွင်းမှုက ၃၉၁၉ သန်းရရှိထားပြီး ဖြစ်ပါတယ်။

ကာလတူပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ပို့ကုန်တင်ပို့မှုက အမေရိကန်ဒေါ်လာ ၃၁၅၂ သန်း နဲ့ သွင်းကုန်တင်သွင်းမှုက အမေရိကန်ဒေါ်လာ ၃၀၂၀ သန်း ရှိတာကြောင့် နိုင်ငံခြားကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၆၁၇၂ သန်း သာရှိခဲ့ပါတယ်။

ဒါကြောင့် လက်ရှိ မြန်မာ့ကုန်သွယ်မှုအခြေအနေက ပို့ကုန်မှာ အမေရိကန်ဒေါ်လာ ၉ သန်းသာ ပိုမိုတင်ပို့နိုင်ခဲ့ပေမယ့် သွင်းကုန်မှာ ၈၉၉ သန်း အထိ ပိုမိုတင်သွင်းမှု ရှိနေပါတယ်။

လက်ရှိ ကုန်သွယ်မှုကဏ္ဍမှာ သွင်းကုန်တင်ပို့မှုက အခုလိုသိသာစွာ မြင့်တက်လာမှုအပေါ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးရဲ့ အကြံပေးအရာရှိ ဒေါက်တာမောင်အောင်က အခုလို ပြောပါတယ်။

“ဒီနှစ်ဆိုရင် ကုန်သွယ်မှုကဏ္ဍာမှာ ပို့ကုန် ဦးစားပေးပြီး မသတ်မှတ်တော့ဘူး။ ဘာလို့လဲဆိုတော့ အခုချိန်က တည်ဆောက်တဲ့ကာလဖြစ်လို့ သွင်းကုန်အပေါ်မှာလည်း အရင်းနှီး ကုန်စည်တွေ သွင်းတာကို ဦးစားပေးတယ်။ အဲ့ဒါတွေလုပ်မှ စီးပွားရေးက ရေရှည်ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်တယ်။ ဒါတွေက နောင်တချိန်မှာ ပို့ကုန်ကဏ္ဍ နဲ့ ဆက်စပ်ပြီးတော့ တိုးတက်လာမှာလည်း ဖြစ်တယ်။ ဒါကြောင့် ဒီနှစ်ဆိုရင် သွင်းကုန်က သိသိသာသာအများကြီးတိုးလာတာ။”

ပို့ကုန်ကဏ္ဍမှာ လောလောဆယ် လယ်ယာထွက်ကုန်ဖြစ်တဲ့ ဆန်နဲ့ပဲမျိုးစုံတင်ပို့မှုက အရင်တင်ပို့မှုရှိခဲ့တဲ့ ပမာဏနဲ့ယှဉ်ရင် အနည်းအကျဉ်း လျော့ကျမှုရှိနေပေမယ့် မကြာခင် ပြန်လည် မြင့်တက်လာဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သဘာဝအရင်းအမြစ် ထုတ်ကုန်တွေဖြစ်တဲ့ သဘာဝဓာတ်ငွေ့နဲ့ သတ္တုတွင်းထွက်  ပစ္စည်းတွေကတော့ ပြီးခဲ့တဲ့နှစ် တင်ပို့မှုနဲ့ယှဉ်ရင် လျော့ကျမှုမရှိဘူးလို့ သိရပါတယ်။

သွင်းကုန်တင်သွင်းမှုကဏ္ဍမှာတော့ လက်ရှိမှာဆိုရင်  ရင်းနှီးမြှုပ်နှံမှုအတွက် လုပ်ငန်းသုံးကုန်စည်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေက မနှစ်ကထက် ပိုမိုတင်သွင်းမှုရှိလာပါတယ်။

လက်ရှိ မြန်မာနဲ့ ကုန်သွယ်မှုပြုလုပ်နေတဲ့ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကတော့  အဓိကပို့ကုန်ကုန်သွယ်ဘက် နိုင်ငံတွေဖြစ်ပြီး တရုတ်၊ စင်ကာပူ၊ ထိုင်းနှင့် ဂျပန်နိုင်ငံတွေကတော့ အဓိကသွင်းကုန် ကုန်သွယ်ဘက်နိုင်ငံတွေ ဖြစ်ပါတယ်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏအနေနဲ့ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံရရှိဖို့ မျှော်မှန်းထားပြီး ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၁၈ ဒဿမ ၅ ဘီလီယံရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013