ကားမှတ်ပုံတင်ဝန်ဆောင်မှုကို Online booking စနစ်ဖြင့် ပြန်ဖွင့်
DVB
·
December 1, 2020
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် နှစ်လကျော်ကြာ ပိတ်ထားခဲ့ တဲ့ ကနဦးမော်တော်ယာဉ် မှတ်ပုံတင် ဝန်ဆောင်မှုလုပ်ငန်းတွေကို ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး Online booking စနစ်နဲ့ ပြန်ဖွင့်ပေးနေပါတယ်။
ဒီလို ပြန်ဖွင့်လှစ်ပေးရာမှာ လူစုလူဝေးမဖြစ်ပေါ်စေဖို့အတွက် ကနဦး ကားမှတ်ပုံတင် ဆောင်ရွက်ဖို့ ရက်ချိန်းရယူရာမှာ အွန်လိုင်းကနေ ကြိုတင်စာရင်းသွင်းတဲ့ စနစ် (Online booking System) ကို ပြောင်း လဲကျင့်သုံးစေမှာဖြစ်ပါတယ်။
Online Booking လျှောက်ထားသူတွေ အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်တွေကို အလေးထားလိုက်နာ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကနဦးမှတ်ပုံတင်ရာမှာ ပေးဆောင်ရတဲ့ ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးကို ဝန်ဆောင်မှု ရပ်ဆိုင်းထားတဲ့ စက်တင်ဘာ ၁၄ ရက်ကနေ နိုဝင်ဘာ ၃၀ ရက်အထိ ၇၈ ရက်ကြာ ကာလကို ထည့်သွင်းရေတွက်မှာ မဟုတ်ဘဲ ဖြေလျှော့ပေးမယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ပိုင်းမှ လာရောက်ဆောင်ရွက်တဲ့ ကနဦးမှတ်ပုံတင်ယာဉ်တွေကတော့ ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးငွေ လျှော့ပေါ့ခွင့်ရမှာ မဟုတ်ဘဲ မူလသတ်မှတ်ချက်တွေအတိုင်း ဒဏ်ကြေး ပေးဆောင်ရမှာဖြစ်ပါတယ်။
သတင်း - စိုးချစ်ချစ်ပိုင်