Homeမြန်မာသတင်း
မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ကိုဗစ်-၁၉ ရောဂါပျောက်ကင်း ဆေးရုံမှဆင်း
မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ကိုဗစ်-၁၉ ရောဂါပျောက်ကင်း ဆေးရုံမှဆင်း
DVB
·
December 1, 2020
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းပြီ ဖြစ်ပါတယ်။
ဦးစိုင်းပန်းဆိုင်နဲ့ ဇနီးဖြစ်သူတို့ဟာ နိုဝင်ဘာလ ၂၁ ရက်နေ့က ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ဧရာဝတီ စင်တာမှာ ဆေးကုသမှုခံယူခဲ့တာပါ။
ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က “ကျနော်တို့ ဇနီးမောင်နှံ နေအိမ်သို့ ကောင်းမွန်စွာ ပြန်လည်ရောက်ရှိပြီး ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ Home Quarantine တစ်ပတ် ထပ်ဝင်နေပါတယ်”လို့ ပြောပါတယ်။
ဝန်ကြီး ဦးစိုင်းပန်းဆိုင် ဟာ မန္တလေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ သတင်းမှန်ပြန်ကြားရေးနှင့် သတင်းမှားများဖြန့်ဝေသူများ ရှာဖွေဖော်ထုတ်ရေး သတင်းစောင့်ကြည့်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီးမှာ နိုဝင်ဘာလ ၂၉ ရက်အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာပေါင်း ၅,၈၆၆ ဦးရှိပြီး သေဆုံးသူ ၄၉ ဦးထိရှိပြီဖြစ်ကာ လက်ရှိ ဆေးရုံ တက်နေရသူကတော့ ၂,၁၄၄ ဦး ရှိတယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။