DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲ လူအများအပြားလာ၊ ကိုယ်အပူချိန်မြင့်သူများကို ဆေးရုံပို့မည်
DVB
·
November 30, 2020
ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲ လူအများအပြားလာ၊ ကိုယ်အပူချိန်မြင့်သူများကို ဆေးရုံပို့မည်
Donate to DVB

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ရာပြည့်သဘင် အခမ်းအနား မီးထွန်းထားတာကို လူတွေ အများအပြားလာရောက် ဓာတ်ပုံရိုက်နေကြပြီး ကိုယ်အပူချိန်တိုင်းလို့ မြင့်တက်သူတွေကို တက္ကသိုလ်များဆေးရုံဆီ ချက်ချင်းပို့မယ်လို့ တာဝန်ရှိသူတွေက ဆုံးဖြတ်လိုက်ပါတယ်။

ရန်ကုန်ဟာ Stay  at  Home   သတ်မှတ်ထားတာ ဖြစ်ပေမယ့် တက္ကသိုလ်မှာ အလှဆင် မီးထွန်းတာကို လာရောက် အမှတ်တရ ဓာတ်ပုံရိုက်နေကြတာ ဖြစ်ပါတယ်။

ဒါကြောင့် မနေ့က ပညာရေးဝန်ကြီး၊ ဒုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်တွေ၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်တွေနဲ့ ပါမောက္ခတွေ၊ ရန်ကုန်ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်၊ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်း ပြည်သူ့ ကျန်းမာရေးနဲ့ ကုသရေးဦးစီးမှူးတို့ အွန်လိုင်းကနေ အစည်းအဝေးလုပ် ဆုံးဖြတ်လိုက်ကြတာလို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အလှဆင်အထိမ်းအမှတ် မီးထွန်းညှိထားတာကိုလည်း ဒီဇင်ဘာ ၁ ရက်အထိ ညစဉ် ည ၈ နာရီအထိပဲ ထွန်းဖို့ အဲဒီအစည်းအဝေးက ဆုံးဖြတ်ပါတယ်။

ပြီးတော့ ရန်ကုန်တက္ကသိုလ် ပင်မဂိတ်အဝင်မှာ  ဝင်ရောက်သူ    တယောက်ချင်းစီကို ကိုယ်အပူချိန် တိုင်းဖို့နဲ့ အပူချိန်မြင့်တက်သူတွေ့ရင် သီးခြားခွဲထုတ်ပြီး တက္ကသိုလ်များ ဆေးရုံက   Isolation Unit ဆီ ချက်ချင်းပို့ဆောင် ခဏထားပြီး သတ်မှတ်ထားတဲ့ ကျန်းမာရေးလုပ်ငန်းစဉ်တွေအတိုင်း  ဆက်လက်ဆောင်ရွက်ဖို့လည်း ဆုံးဖြတ်ပါတယ်။

လက်ရှိ ကိုဗစ်-၁၉ ကူးစက်ခံထားရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ ရောဂါလက္ခဏာ မပြသူတွေ ဖြစ်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောဆိုထားတာကြောင့် ဖျားတာ၊ ကိုယ်ပူတာတွေကို စစ်ဆေးရုံနဲ့တော့ ကိုဗစ်ကူးစက်ခံထားရသူလား ဆိုတာ သိနိုင်မှာ မဟုတ်ပါဘူး။

အဲဒီအစည်းအဝေးမှာ ရန်ကုန်တက္ကသိုလ်ဆီ လာသူတွေကို နှာခေါင်းစည်းတွေ အခမဲ့ဝေငှတပ်ဆင် စေဖို့၊ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာဖို့၊ နှာခေါင်းစည်းတွေ တပ်ထားဖို့၊ တယောက်နဲ့ တယောက် ၆ ပေအကွာက သွားလာစေဖို့ တို့ကို လက်ကိုင်အသံချဲ့စက်တွေနဲ့ သတိပေးဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

ပညာရေးဝန်ကြီးက ရန်ကုန်တက္ကသိုလ်ရှိတဲ့ ကမာရွတ်မြို့နယ်ဟာ Stay  at  Home   သတ်မှတ်ထားတာဖြစ်ပြီး   ရန်ကုန်တက္ကသိုလ်ကို   ချစ်မြတ်နိုးတဲ့ တိုင်းရင်းသားပြည်သူတွေ လာရောက်ပြီး လာရောက်ပြီး အမှတ်တရဓာတ်ပုံတွေ ရိုက်နေကြတာကို ကြားသိရတယ်လို့ ဆိုပါတယ်။

ရာပြည့် သဘင်အထိမ်းအမှတ် အခမ်းအနား ကြိုတင်ရိုက်ကူးထားတာကို မနက်ဖြန် ဒီဇင်ဘာ ၁ ရက်မှာ မြန်မာ့အသံရုပ်မြင်သံကြားတီဗွီနဲ့ ဖေ့စ်ဘွတ်ခ်တို့ကနေ ထုတ်လွှင့်ဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

ဒီလို စီစဉ်ထားတာကို  နိုင်ငံပိုင်မီဒီယာတွေ၊ လူမှုကွန်ရက်စာမျက်နှာတွေက တဆင့် အသိပေးဖို့ တက်ရောက်သူတွေက ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013