DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာသစ် ၁,၆၃၉ ဦးတွင် ရန်ကုန်က ၁၀၀၁ ဦး၊ မန္တလေးတိုင်းက  ၂၇၀ ဦးဖြင့် အများဆုံးတွေ့
DVB
·
November 27, 2020
ကိုဗစ်လူနာသစ် ၁,၆၃၉ ဦးတွင် ရန်ကုန်က ၁၀၀၁ ဦး၊ မန္တလေးတိုင်းက  ၂၇၀ ဦးဖြင့် အများဆုံးတွေ့
Donate to DVB

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၆၃၉ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၁၀၀၁ ယောက်၊ မန္တလေးတိုင်းက အယောက် ၂၇၀ နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ ‌မင်္ဂလာဒုံမြို့နယ် ၁၀၅ ယောက်၊ မရမ်းကုန်း ၉၈ ယောက်၊ တောင်ဒဂုံ ၈၁ ယောက်၊ ရွှေပြည်သာ ၆၃ ယောက်၊ အင်းစိန် ၅၅ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း ၄၀ ပါဝင်နေတာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၂၀ မှာ အယောက် ၂၇၀ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၆ ခုမှာ ၁၉ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၄ ခုမှာ ၁၄၄ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၉ ခုမှာ ၅၄ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၃ ခုမှာ ၁၄ ယောက်၊ မကွေးတိုင်းမြို့နယ်  ၅ ခုမှာ ၁၅ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၈ ခုမှာ ၃၂ ယောက်၊ တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာ ၃ ယောက်၊ ကရင်ပြည်နယ် မြို့နယ် ၃ ခုမှာ ၄၁ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၈ ခုမှာ ၁၄ ယောက်၊ ကချင်ပြည်နယ် မြို့နယ် ၇ ခုမှ ၁၂ ယောက်၊ နေပြည်တော် မြို့နယ် ၂ ခုမှာ ၁၅ ယောက်၊ ချင်းပြည်နယ် မြို့နယ် ၃ ခုမှာ ၃ ယောက်၊ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ၂ ယောက်စီ အသီးသီးတွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၂၇၉ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂၆ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၈၅,၂၀၅ ယောက်၊ သေဆုံးသူ ၁,၈၄၆  ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆၄,၆၄၅  ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၁ သန်း ကျော်၊ သေဆုံးသူ ၁ ဒသမ ၄ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၂ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013